သတင်းထောက်များကို ကာကွယ်ပေးရန် ဂျာနယ်လစ်ကွန်ရက်တောင်းဆို

ကိုးကန့်ဒေသမှာ လုံခြုံရေးယူထားတဲ့ တပ်မတော်အနေနဲ့ သတင်းထောက်တွေကို အတတ်နိုင်ဆုံး အကာအကွယ်ပေးဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်က တောင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဂျာနယ်လစ်ကွန်ရက်ထုတ်ပြန်ချက်မှာ မနေ့မွန်းလွဲပိုင်းက ဒုက္ခသည်ယာဉ်တန်းတိုက်ခိုက်မှုကို ရည်ညွှန်းဖော်ပြထားပြီး ဒီယာဉ်တန်းမှာ သတင်းထောက်နဲ့ ဓာတ်ပုံသတင်းထောက်တချို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ အခုလို အသက်အန္တရာယ်ထိခိုက်လောက်အောင် တိုက်ခိုက်မှုကို မြန်မာဂျာနယ်လစ်ကွန်ရက်က ရှုတ်ချလိုက်ပြီး သတင်းသမားတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်က ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့အကြား လမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ကြက်ခြေနီအလံလွှင့်ထူထားတဲ့ ကယ်ဆယ်ရေးယာဉ်တန်းမှာ ဒီဗွီဘီသတင်းထောက် ခွန်ဇော်ဦးနဲ့ သတင်းသမားတချို့ လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up