Home
မြန်မာသတင်း
မိကျောင်းကန်ဆန္ဒပြသူများကို ထောင်ဒဏ် ၆ လစီ ချမှတ်
နော်နိုရင်း
·
February 18, 2015
သက်ကြီးရွယ်အိုတွေအပါအ၀င် မိကျောင်းကန်ဆန္ဒပြသမား ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် စုစုပေါင်း ၆ လ စီ ဒီကနေ့ ချမှတ်လိုက်ပါတယ်။ ရန်ကုန်မြို့တော်ခန်းမ အ၀င်လမ်းကို ပိတ်ဆို့ဆန္ဒပြတဲ့အတွက် ထောင်ဒဏ်ချခံရတာဖြစ်ပြီး ထောင်ကျသွားသူတွေထဲမှာ အသက် ၆၈ နှစ်အရွယ် အဘွားအိုတွေလည်း ပါဝင်တယ်လို့  ဆန္ဒပြသူတွေရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ “မိကျောင်းကန်ကသူတွေကို ဒုရဲမှူး ဦးတင်လှကနေပြီးတော့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ နဲ့ ၂ မှုဖွင့်တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီက စီမံဌာနမှူး ဦးမောင်မောင်ဇော်ကလည်း ပုဒ်မ ၁၄၃၊  ၃၄၁ အရ အမှုဖွင့်တယ်။ အဲဒါကို တရားသူကြီးက ပုဒ်မ ၁၈ တခုကို ၁လ - ၁လနဲ့  နှစ်မှုတွဲ ၂ လ။ နောက်တတိယအမှုမှာကျတော့ ပုဒ်မ ၁၄၃ အတွက် ၃ လ၊ ပုဒ် ၃၄၁ အတွက် ၁ လ ဆိုပြီး စုစုပေါင်း ၆ လဖြစ်သွားတယ်။” ထောင်ချခံရတဲ့ ၁၄ ယောက်ထဲမှာ ၁၂ ယောက်က အမျိုးသမီးတွေဖြစ်ပါတယ်။ ရန်ကုန် မြို့တော်ခန်းမအ၀င်လမ်းမှာဖွင့်လှစ်ထားတဲ့ သပိတ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အာဏာပိုင်တွေက သွားရောက်သိမ်းဆည်းပြီး ၁၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒီနောက်ဆန္ဒပြသမား ၁၄ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နဲ့ အမှု ၂ မှု၊  မတရားတားဆီးကန့်ကွက်မှု  ပုဒ်မ  ၃၄၁၊  ပြည်သူပိုင်လမ်းပိတ်ဆို့မှု ပုဒ်မ ၁၄၃ တို့နဲ့ ကျောက်တံတားမြို့နယ်ရဲ စခန်းမှူး က တရားလိုလုပ်တရားစွဲဆိုခဲ့တာပါ။ ဆန္ဒပြသူတွေကို အခုလိုထောင်ချလိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေ  ဦးရောဘတ်ဆန်းအောင်က      “လူတွေကိုထောင်ချတာက ဖြစ်ပေါ်နေတဲ့ ပြဿ     နာကို ဖြေရှင်းတာမဟုတ်ဘူး။ ဖြစ်ပေါ်နေတဲ့ပြဿ      နာကို ပိုမိုကြီးထွားလာအောင်လုပ်သလိုဖြစ်တာပဲ”  လို့ ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်တွင်း စစ်တပ်သိမ်းထားတဲ့မြေတွေ ပြန်လည်ရရှိရေးအတွက် မိကျောင်း ကန်ပြည်သူတွေက မဟာဗန္ဓုလပန်းခြံမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လကတည်းက သပိတ်စခန်းဖွင့် တောင်းဆိုနေတာဖြစ်ပါတယ်။   [gallery ids="82231,82232,82233,82234,82235,82236,82237,82238,82239"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024