A d v e r t i s e m e n t With Us

ဒုက္ခသည်ထောင်ချီ ယူနန်ခရိုင်ထဲ ထွက်ပြေးလာဟု တရုတ်ပြော

မြန်မာနိုင်ငံ ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ ချီတဲ့ ဒုက္ခသည်တွေ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ခရိုင်ထဲကို ၀င်ရောက်လာတယ်လို့ တရုတ် အစိုးရက ပြောပါတယ်။ ဖေဖော်ဝါရီ ၉ ရက်က စတင်ပြီး အစိုးရ စစ်တပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲပြင်းထန်နေတာကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့လည်း ထပ်မံ တောင်းဆိုလိုက်တယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။ ယူနန် အစိုးရရဲ့ ဖေဖော်ဝါရီ ၁၆ ရက် ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၉ ရက်ကစတင်ပြီး နယ်စပ် နေထိုင်သူတွေ တရုတ်ထဲကို ၀င်ထွက်သွားလာတဲ့ ခရီးစဉ် ၃ သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။ တချို့ကလည်း တိုက်ပွဲ အတက်အကျကို မူတည်ပြီး အကြိမ်ကြိမ် ဖြတ်ကျော်ကြတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက လူသားချင်းစာနာထောက်ပံ့မှု အကူအညီတွေ ပေးနေသလို နယ်စပ်ကို ထိန်းချုပ်နိုင်ဖို့ အတွက် ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေး ၀န်ကြီး ပြောခွင့်ရ ဟွာချွန်ယင်းက စစ်တပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA)တွေကို အပစ်အခတ်ရပ်စဲဖို့ ဖေဖော်ဝါရီ ၁၇ ရက်က သတင်းစာရှင်းလင်းပွဲမှာ ထပ်မံ ပြောဆိုပါတယ်။ ဒါအပြင် လောက်ကိုင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေနဲ့ အစိုးရ၀န်ထမ်းတွေ ထွက်ပြေးခဲ့ရပြီး  လားရှိုးမြို့ပေါ်က မန်ဆူဘုန်းကြီးကျောင်းမှာ ခိုလှုံနေသလို မန်ဆူ ဆရာတော်ရဲ့ အစီအစဉ်နဲ့ တချို့က မန္တလေးကို သွားရောက်ခိုလှုံနေပါတယ်။ ဓာတ်ပုံ-တရုတ်နိုင်ငံတွင် ခိုလှုံနေသော ဒုက္ခသည်များ [gallery ids="82249,82247,82248,82250"]

A d v e r t i s e m e n t With Us

More News
Up