ငွေကြေးအတွက် လူခန္ဓာကိုယ် အစိတ်အပိုင်းများ အိုင်အက်စ် ဖြုတ်ယူဟု အီရတ် ကုလ သံအမတ်ပြော

အစ္စလာမ္မစ် (အိုင်အက်စ်)အဖွဲ့က လူခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြုတ်ယူပြီး စစ်ဆင်ရေး အတွက် ငွေကြေး ထောက်ပံ့ဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ စွဲချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စုံစမ်းပေးဖို့ အီရတ်နိုင်ငံဆိုင်ရာ ကုလ ကိုယ်စားလှယ်က လုံခြုံရေး ကောင်စီမှာ တောင်းဆိုလိုက်ပါတယ်။ ခွဲစိတ်ရာတွေနဲ့ ကျောက်ကပ်နဲ့ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပျောက်ဆုံးနေတဲ့ အလောင်းတွေ မြုပ်ထားတာကို အရင်အပတ်က တွေ့ခဲ့ရတယ်လို့ သံအမတ် မိုဟာ မက်အယ်လ်ဟာကင်က ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းက ရေးပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လာစစ်ဆေးဖို့နဲ့ အဓိက အစိတ်အပိုင်းတွေ ပျောက်နေတယ်လို့ သူက ပြောပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရယူတာကို လုပ်ဆောင်ဖို့ ငြင်းဆန်တဲ့ အီရတ်မိုဆိုက ဒါဇင်နဲ့ချီတဲ့ ဆရာဝန်တွေလည်း အသတ်ခံရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာတွေကို ကောင်စီမှာ အယ်လ်ဟာကင်က အစီရင်ခံခဲ့သလို အိုင်အက်စ်ကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ ရာဇ၀တ်မှု ကျူးလွန်တယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဇန်န၀ါရီမှာ လူ ၇၉၀ အကြမ်းဖက် ပဋိပက္ခကြောင့် သတ်ဖြတ်ခံရသလို အလောင်းတွေက ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စစ်တိုက်ရာမှာသုံးဖို့ ငွေကြေးရရှိဖို့ ရောင်းချတာတွေ လုပ်နေတယ်လို့ အီရတ် ကုလသံအရာရှိဟောင်းကလည်း ပြောဆိုခဲ့ပါတယ်။ အီရတ်နိုင်ငံမှာလည်း အိုင်အက်စ်အဖွဲ့က နယ်မြေအမြောက်အမြားကို သိမ်းယူထားတာကိုလည်း အီရတ်က ပြန်ရချင်နေပါတယ်။ [gallery ids="82207,82208,82209,82210"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up