သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည့် ချန်ပီယံလိဂ်
မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်မှာ ချဲလ်ဆီးနဲ့ ပဲရစ်စိန့်ဂျာမိန်း အသင်းတို့ ၁ ဂိုးစီသရေကျခဲ့ပါတယ်။
အဝေးကွင်းမှာ သွားရောက်ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းအတွက် ဂိုးကိုတော့ အိုင်ဗန်နိုဗစ်က ပထမပိုင်း ၃၆ မိနစ်မှာ သွင်းယူခဲ့ပြီး ပဲရစ်စိန့်ဂျာမိန်းအသင်းအတွက် ချေပဂိုးကို ကာဗယ်နီက ဒုတိယပိုင်း ၅၄ မိနစ်မှာ ပြန်လည်သွားယူခဲ့ပါတယ်။
ပွဲကို ထိန်းချုပ်ကစားနိုင်ပေမယ့် ဒုတိယပိုင်းမှာတော့ မထိန်းထားနိုင်တော့ဘူးလို့ ချဲလ်ဆီး နည်းပြ မော်ရင်ဟိုက ပွဲအပြီးမှာ ပြောပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ရှက်တာဒိုးနပ်တို့ပွဲစဉ်မှာတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒီပွဲမှာ ဘိုင်ယန် ကစားသမား ဇာဗီအလွန်ဆို အထုတ်ခံခဲ့ရပါတယ်။
ဒီကနေ့ညမှာတော့ ဘာဆဲလ်နဲ့ ပေါ်တို၊ ရှော်ကေးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဒုတိယအဆင့်ကို အသင်း ၁၆ သင်းတက်ရောက်လာတာ ဖြစ်ပြီး ပထမအကျော့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားနေတာ ဖြစ်ပါတယ်။
[gallery ids="82185,82186,82187,82188,82189,82190"]