ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ရဲဌာနချုပ် တိုက်ခိုက်ခံရ

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့က ရဲဌာနချုပ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပေါက်ကွဲမှုကြီးတခုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၇ ဦး သေဆုံးတယ်လို့ ရဲက ပြောပါတယ်။ ရဲအဆောက်အဦနားက ကားကနေ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အသေခံဗုံးခွဲတိုက်ခိုက်တာ ဟုတ်၊ မဟုတ် မသိရသေးဘူးလို့ ရဲပြောခွင့်ရ နာဘီးလာ ဂါဇန်ဖာက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ဘယ်နှယောက်က ရဲတွေလဲဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ အမည်မဖော်လိုတဲ့ ရဲတဦးက စုံစမ်းစစ်ဆေးမှုတွေအရ အခင်းဖြစ်ရာကို ကြည့်ရတာ အသေခံ တိုက်ခိုက်မှုနဲ့ တူတယ်လို့ ပြောပါတယ်။ အနားက စာနယ်ဇင်းကလပ်မှာ အလုပ်လုပ်နေတဲ့ မျက်မြင်သက်သေ အဲ့ရှ်ရဲ့ဖ်အလီက “ပေါက်ကွဲမှုအပြီး သေနတ်သံတွေ ချက်ချင်းကြားတယ်။ လမ်းထဲမှာ အလောင်း ၃ လောင်း တွေ့ခဲ့တယ်” လို့ ပြောပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကလည်း ဆင်းပြည်နယ်က ရှီးယားမွတ်စလင်ဗလီ တိုက်ခိုက်မှုအတွင်း လူ ၆ ဦး သေဆုံးပါတယ်။ ဒီလထဲမှာလည်း ပတ်ရှဝါမြို့က ရှီးယားဗလီ တိုက်ခိုက်ခံရမှုအတွင်း လူအယောက် ၂၀ သေဆုံးပါတယ်။ စစ်သွေးကြွတွေကတော့ အကြမ်းဖက် တိုက်ခိုက်မှုအတွက် အစိုးရက သေဒဏ် ပြန်ကျင့်သုံးတာကို တုံ့ပြန်တာလို့ ပြောပါတယ်။ တာလီဘန်တွေက ပတ်ရှဝါမြို့ တပ်တွင်းကျောင်းကို တိုက်ခိုက်မှုအတွင်း ကလေး ၁၃၄ ယောက်နဲ့ လူကြီး ၁၉ ယောက် သေဆုံးအပြီး သေဒဏ်ရပ်ဆိုင်းမှုကို ပယ်ဖျက်ခဲ့တာပါ။ ဓာတ်ပုံ - ရိုက်တာ [gallery ids="82192,82194,82195,82196,82197,82198"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up