Home
မြန်မာသတင်း
ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး ကြေညာ
DVB
·
February 18, 2015
ရှမ်းပြည်နယ်အရှေမြောက်ပိုင်း ကိုးကန့်ဒေသမှာ အရေးပေါ်အခြေ အနေထုတ်ပြန်လိုက်သလို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်သွားတော့မယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်မှာ တပြိုင်နက်ထုတ်ပြန်ကြေ ညာလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်လက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့ အမိန့်ထဲမှာ ကိုးကန့်ဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားနေတာကြောင့် ဖေဖော်ဝါရီ ၁၇ရက်ကစပြီး ၃လကြာ အရေးပေါ်အခြေအနေ သတ်မှတ် လိုက်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ငြိမ် အးချမ်းရေးလုပ်ဆောင်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ပေးလိုက်တယ်လို့လဲ အမိန့်စာမှာ ဖော်ပြထားပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ဦးစီး ဆောင်ရွက်ဖို့ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦးကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်လွှဲအပ်လိုက်ပါတယ်။ အစိုးရဘက်က အခုလို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်တဲ့နေ့မှာပဲ ဦးဖုန်ကြားရှင်ခေါင်ဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA)က သမ္မတ ဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာတစောင်ပေးပို့ပြီး အမျိုးသားရင်ကြားစေ့ရေးလုပ်ပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ကိုးကန့်တပ်ဖွဲ့နဲ့ တပ်မတော်တို့ကြား ဖေဖော်ဝါရီ ၉ရက်ကစတင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တပ်မတော် ဘက်က အယောက် ၅၀ခန့် သေဆုံး၊ ၇၀ကျော် ဒဏ်ရာရရှိခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ဝင် ၂၆ယောက် သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ထားပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုတွေရှိခဲ့ပြီး သောင်းနဲ့ချီတဲ့ ကိုးကန့်တရုတ်ဒုက္ခသည်တွေ တရုတ်ပြည်ထဲ ထွက်ပြေးခဲ့ကြသလို ထောင်နဲချီတဲ့ မြန်မာအလုပ်သမားတွေလဲ လားရှိုးမြို့ကို ထွက်ပြေးခဲ့ကြရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024