A d v e r t i s e m e n t With Us

သမုဒ္ဒရာပိုင်းဇုန် ချန်ပီယံ ဖီဂျီကို မြန်မာယူ၂၀အသင်း အနိုင်ရ

နယူးဇီလန် နိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၀င်ခွင့်ရ မြန်မာ ယူ ၂၀ လူငယ် လက်ရွေးစင် အသင်းက ဖီဂျီ လက်ရွေးစင် ယူ၂၀ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ ယှဉ်ပြိုင်တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ မြန်မာ အသင်းအတွက် အနိုင်ဂိုးကို သန်းပိုင်က သွင်းယူပေးသွားတာဖြစ်ပါတယ်။ ဖီဂျီ ယူ၂၀ လက်ရွေးစင် အသင်းဟာ ယခုနှစ်မှ စတင်ကာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ အသင်းဖြစ်ပြီး ၂၀၁၄ သမုဒ္ဒရာပိုင်းဇုန် ယူ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ယူ၂၀ ကမ္ဘာ့ဖလားမှာ  မြန်မာ ယူ၂၀ အသင်းဟာ အိမ်ရှင် နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန် တို့နဲ့ အုပ်စု (က)မှာ ကျရောက်နေပြီး  ဖီဂျီအသင်းဟာ  အုပ်စု (စ)တွင် ဂျာမနီ၊ ဥဇဘတ် ကစ္စတန်၊ ဟွန်ဒူးရပ်စ် တို့နှင့်အတူ ကျရောက်နေပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်မှာတော့ ဒုတိယ မြောက်ခြေစမ်းပွဲကို ရန်ကုန်မြို့ ၀ိုင်တီစီ ကွင်းတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ [gallery ids="82135,82136,82137,82134"]

A d v e r t i s e m e n t With Us

More News
Up