A d v e r t i s e m e n t With Us

အမေရိကန်တွင် ရေနံတင်ကုန်တင်ရထား လမ်းချော်တိမ်းမှောက် ပေါက်ကွဲမီးလောင်

အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရေနံတင်ကုန်တင်ရထား လမ်းချော်တိမ်းမှောက်ပြီး ရေနံတင်တွဲတွေ ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။ ရေနံတင်တွဲ ၉ တွဲ၊ ၁၀ တွဲလောက် နာရီဝက်စီခြားပြီး ပေါက်ကွဲ မီးလောင်ခဲ့တယ်လို့ ပြည်နယ် ရဲတပ်ကြပ်တဦးက ပြောဆိုပါတယ်။ ဒေသခံတဦးပဲ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဆေးကုသမှုခံယူရတယ်လို့လည်း ပြောဆိုပါတယ်။ ရထားဟာ မြောက်ဒါကိုတာပြည်နယ်ကနေ ဗာဂျီးရီးယားပြည်နယ်ရှိ ယောက်တောင်း (Yorktown) ဆိပ်ကမ်းမြို့ကို ရေနံစိမ်းသယ်ဆောင်လာတဲ့ရထားဖြစ်ပြီး တွဲအားလုံး ၁၀၉ တွဲ ပါဝင်တယ်လို့ CSX  ရထားသယ်ယူပို့ဆောင်ရေးကုမ္ပဏီက ပြောဆိုပါတယ်။ ဒါဟာ ၃ ရက်အတွင်း ၂ ကြိမ်မြောက် ရေနံတင်ရထား မတော်တဆမှု ဖြစ်ပါတယ်။ ရာသီဥတု ဆိုးဝါးမှုကြောင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပြီး အနီးက မြို့ ၂ မြို့ကိုလည်း အာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ [gallery ids="82101,82102,82103,82104,82105"]

A d v e r t i s e m e n t With Us

More News
Up