လစ်ဗျားရှိ အိုင်အက်စ်ပစ်မှတ်များကို အီဂျစ်တိုက်လေယာဉ်များ တိုက်ခိုက်

1.9K
အီဂျစ်ခရစ်ယာန်ဘာသာဝင် ၂၁ ဦး လစ်ဗျားအခြေစိုက်၊ အိုင်အက်စ်တွေရဲ့ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ လစ်ဗျားနိုင်ငံထဲက အိုင်အက်စ်ပစ်မှတ်တွေကို အီဂျစ်တိုက်လေယာဉ်တွေ တိုက်ခိုက်ခဲ့ပါတယ်။
လစ်ဗျားအိုင်အက်စ်တွေကို စစ်ရေးအရ ၀င်ရောက်အရေးယူဖို့ အီဂျစ်သမ္မတ အယ်စီစီက နိုင်ငံတကာ ကို တောင်းဆိုနေပေမယ့် နိုင်ငံအများစုကတော့ လစ်ဗျားပြည်တွင်းရေးကို နိုင်ငံရေးနည်းနဲ့ အဖြေရှာ စေချင် ကြပါတယ်။ လစ်ဗျားအိုင်အက်စ်တွေဟာ အီဂျစ်နိုင်ငံအတွက်ရော၊ ကမ္ဘာ့နိုင်ငံတွေအတွက်ပါ ကြီးမားတဲ့အန္တရာယ်လို့ သမ္မတအယ်စီစီက ပြောဆိုနေတာပါ။
ဖေဖော်ဝါရီ ၁၆ ရက်နေ့က အီဂျစ်လေတပ်နဲ့ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ လစ်ဗျားအစိုးရနဲ့ ပူးပေါင်းပြီး အိုင်အက်စ်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာမှာ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လုပ်မှာဖြစ်ပေမယ် မြေပြင်တပ်ဖွဲ့ စေလွှတ်ဖို့တော့ မလိုဘူးလို့ အီဂျစ်စစ်တပ်သတင်းရင်းမြစ်က ဆိုပါတယ်။
၂၀၁၁ ခုနှစ်၊ လစ်ဗျားအာဏာရှင် ကဒါဖီ ဖြုတ်ချခံရပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံမှာ ခိုင်မာတဲ့အစိုးရ မဖွဲ့စည်းနိုင်ခဲ့ပဲ အစိုးရ ၂ ရပ် မြို့နှစ်မြို့ကနေ စင်ပြိုင်အုပ်ချုပ်နေတာပါ။ ၂၀၁၁ တော်လှန်ရေး စတင်ခဲ့တဲ့ ဘန်ဂါဇီမြို့ဟာလည်း အယ်ကိုင်ဒါနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်တွေ လက်အောက် ကျရောက်နေတာလည်း ဖြစ်ပါတယ်။
[gallery ids="82089,82090,82091,82092,82093"]