အီတလီဝန်ကြီးချုပ်ဟောင်း ဆီဗီယို ဘာလူစကိုနီပိုင် အီတလီ စီးရီးအေ ဘောလုံး ကလပ် အေစီမီလန်ရဲ့ ရှယ်ယာအများစုကို ၀ယ်ယူဖို့ ညှိနှိုင်းနေတယ်လို့ ထိုင်းစီးပွားရေးသမား ဘီးတေဇ ဥဘွန်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စာချုပ်ဖောက်ဖျက်ရာရောက်တဲ့ အတွက် အသေးစိတ်ကို မပြောဆိုနိုင်သလို ပြောလိုရတဲ့ တိုးတက်မှုတွေကိုတော့ ထုတ်ပြောသွားမှာ ဖြစ်တယ်လို့ သူက ပြောတယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ်သတင်းစာက ရေးပါတယ်။
[caption id="attachment_82084" align="alignright" width="300"]

ဓာတ်ပုံ ဘန်ကောက်ပိုစ်[/caption]
နေရှင်းသတင်းမှာတော့ အေစီမီလန်အသင်းကို ၀ယ်ယူဖို့ ၁ ဘီလီယံ ယူရိုကို စတော့ရှယ်ယာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဘီးက ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။
စီးရီးအေ ကလပ် ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ထိုင်းရင်းနှီးမြုပ်နှံလိုသူတွေက စိတ်ဝင်စား ၀ယ်ယူမယ်ဆိုတဲ့ သတင်းတွေ အီတလီ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
ရှယ်ယာ ၃၀ ရာခိုင်နှုန်း အတွက် ယူရို သန်း ၃၀၀ ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်ကို ၂ ဖက် လတ်မှတ်ရေးထိုးပြီးပြီလို အီတလီသတင်းတွေက ဖော်ပြပါတယ်။
အေစီမီလန်အသင်းဟာ ဘောလုံးကွင်းအသစ် ရင်းနှီးမြုပ်နှံမှုမပါဘဲ ယူရို ၁ ဘီလီယံနီးပါး တန်ကြေးရှိနေတယ်လို့ ဆိုပါတယ်။
ဇန်န၀ါရီလ ဘာလူစကိုနီပိုင် ကုမ္ပဏီ ထုတ်ပြန်ချက်မှာတော့ နှစ် ၂၀ နီးပါး ပိုင်လာတဲ့ ဥရောပ ချန်ပီယံ ၇ ကြိမ် ဖြစ်ခဲ့တဲ့ ကလပ်အသင်းရောင်းမယ်ဆိုတာကို ငြင်းဆိုထားပါတယ်။