အေစီမီလန်ကလပ် ရှယ်ယာအများစု ၀ယ်ယူရန် ထိုင်းသူဌေး ကမ်းလှမ်း

အီတလီဝန်ကြီးချုပ်ဟောင်း ဆီဗီယို ဘာလူစကိုနီပိုင် အီတလီ စီးရီးအေ ဘောလုံး ကလပ် အေစီမီလန်ရဲ့ ရှယ်ယာအများစုကို ၀ယ်ယူဖို့ ညှိနှိုင်းနေတယ်လို့ ထိုင်းစီးပွားရေးသမား ဘီးတေဇ ဥဘွန်က ပြောပါတယ်။ လက်ရှိအချိန်မှာတော့ စာချုပ်ဖောက်ဖျက်ရာရောက်တဲ့ အတွက် အသေးစိတ်ကို မပြောဆိုနိုင်သလို ပြောလိုရတဲ့ တိုးတက်မှုတွေကိုတော့ ထုတ်ပြောသွားမှာ ဖြစ်တယ်လို့ သူက ပြောတယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ်သတင်းစာက ရေးပါတယ်။ [caption id="attachment_82084" align="alignright" width="300"]Untitled-1 ဓာတ်ပုံ ဘန်ကောက်ပိုစ်[/caption] နေရှင်းသတင်းမှာတော့ အေစီမီလန်အသင်းကို ၀ယ်ယူဖို့ ၁ ဘီလီယံ ယူရိုကို စတော့ရှယ်ယာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဘီးက  ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ စီးရီးအေ ကလပ် ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ထိုင်းရင်းနှီးမြုပ်နှံလိုသူတွေက စိတ်ဝင်စား ၀ယ်ယူမယ်ဆိုတဲ့ သတင်းတွေ အီတလီ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ရှယ်ယာ ၃၀ ရာခိုင်နှုန်း အတွက် ယူရို သန်း ၃၀၀ ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်ကို ၂ ဖက် လတ်မှတ်ရေးထိုးပြီးပြီလို အီတလီသတင်းတွေက ဖော်ပြပါတယ်။ အေစီမီလန်အသင်းဟာ ဘောလုံးကွင်းအသစ် ရင်းနှီးမြုပ်နှံမှုမပါဘဲ ယူရို ၁ ဘီလီယံနီးပါး တန်ကြေးရှိနေတယ်လို့ ဆိုပါတယ်။ ဇန်န၀ါရီလ ဘာလူစကိုနီပိုင် ကုမ္ပဏီ ထုတ်ပြန်ချက်မှာတော့ နှစ် ၂၀ နီးပါး ပိုင်လာတဲ့ ဥရောပ ချန်ပီယံ ၇ ကြိမ် ဖြစ်ခဲ့တဲ့ ကလပ်အသင်းရောင်းမယ်ဆိုတာကို ငြင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up