A d v e r t i s e m e n t With Us

ဂျပန်ကမ်းရိုးတန်းဒေသတွင် ဆူနာမီရေလှိုင်း အကြုံပြုချက် ထုတ်ပြန်

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း စန်ရိခု တိုဟိုခုဒေသမှာ အင်အား ရစ်ချတ်တာစကေး ၆.၉ရှိတဲ့ ငလျင်တခု ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့မှာ လှုပ်ခတ်ခဲ့လို့ ကမ်းရိုးတန်းဒေသမှာ ဆူနာမီရေလှိုင်း အကြံပြုချက် ထုတ်ပြန်ထားတယ်လို့ ဂျပန်မိုးလေဝသဌာန(ဂျေအန်အေ)က ပြောပါတယ်။ ကပ်ဘေး ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်အနေနဲ့ ဆူနာမီ အကြံပြု ချက် ထုတ်ပြန်တာ ဖြစ်တယ်။ ဂျပန်မိုးလေဝသဌာန ငလျင်ပညာရှင် ယာစုဟိရို ယိုရှိဒကတော့ “ပင်လယ်နဲ့ကမ်းရိုးတန်းက အင်မတန် အန္တရာယ် ရှိတယ်။ ပင်လယ်ထဲ ရောက်နေတဲ့သူတွေအားလုံး ကုန်းပေါ်လာဖို့နဲ့ ကမ်းခြေနဲ့ ဝေးဝေးနေဖို့ အကြံပြု ထားတယ်”လို့ ပြောပါတယ်။ မြို့တော် တိုကျိုကနေ မိုင် ၃၇၀ ဝေးတဲ့ အိဝတဲခရိုင် ကမ်းရိုးတန်းကိုတော့ ၄ လက်မကနေ ၈ လက်မကြား လှိုင်းသေးတွေ ရောက်လာတယ်။ ဒေသတွင်း ထောင်နဲ့ ချီတဲ့ ဒေသခံတွေ နေရာရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ထားတယ်လို့ ဂျပန်ရုပ်သံ အန်အိပ်ခ်ျကေ(NHK) က ပြောပါတယ်။ ထိခိုက် ပျက်စီး ဒဏ်ရာရမှု အစီရင်ခံစာတော့ မရသေးပါဘူး။ ဂျေအန်အေကတော့ ၂၀၁၁ ခုနှစ် ငလျင်မှာ မြေပြင်တုန်ခါမှုတွေကနေ အကြီးစား ဆူနာမီ  ဖြစ်စေခဲ့ပြီး ဖုကူးရှီးမား နျူးကလီးယား ကပ်ဘေးကို ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ငလျင်က မြေအောက်အနက် ၆ မိုင် မှာ လှုပ်ရှားခဲ့တာလို့ တိုင်းတာ ရရှိထားပါတယ်။ ဟာဝိုင်ယီအခြေစိုက် ပစိဖိတ်ငလျင်သတိပေးဌာနက ပစိဖိတ်တလွှား ဆူနာမီ သက်ရောက်မယ့် ဘေးမရှိခဲ့ဘူးလို့ ပြောပါတယ်။ ကမ္ဘာ့ ငလျင်အလှုပ်ဆုံးနေရာတွေထဲက တခုဖြစ်တဲ့ ဂျပန်မှာ ငလျင်က အမြဲလှုပ်နေကျပါ။ တကမ္ဘာလုံးမှာ လှုပ်ခဲ့တဲ့ ရစ်ချတ်တာစကေးလ် ၆ အထက် ရှိတဲ့ ငလျင်စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဂျပန်နိုင်ငံမှာ လှုပ်ခဲ့တာပါ။ [gallery ids="82079,82080,82081"]

A d v e r t i s e m e n t With Us

More News
Up