ဘလုတ်ညွှန့် မီးလောင်မှု လူဦးရေ ၈၀၀၀ ကျော် အကူအညီ လိုအပ်




1.9K
ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ် တဘက်ကမ်းက ဘလုတ်ညွှန့်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညပိုင်းက ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တာကြောင့် မီးဘေးဒုက္ခသည် ၈၀၀၀ ကျော် အကူအညီလိုအပ်နေပါတယ်။
မီးဘေးသင့်ခံရတဲ့ အိမ်ထောင်စု ၂၀၀ ကျော်က လူဦးရေ ရှစ်ထောင်ကျော်ကို ဘလုတ်ညွှန့် ခါတော်မီ ဘုန်းတော်ကြီးကျောင်းမှာ အရေးပေါ် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပါတယ်။
ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ် တဘက်ကမ်းက ဘလုတ်ညွှန့်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညပိုင်းက မီးလောင်ကျွမ်းခဲ့ပြီး ဓနိမိုး ထရံကာ အိမ် ၁၀၀ ကျော်၊ ပျဉ်ထောင်ပျဉ်ခင်း အိမ် ၆၀ ကျော်၊ တိုက် ၇ လုံး အပါအ၀င် အိမ်ခြံ ၁၆၇ လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ထမင်းဟင်းချက်ပြုတ်တဲ့ မီးကြွင်းမီးကျန်ကနေ ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မြို့နယ်စုံက မီးသတ်ကား ၄၇ စီး လာရောက်ငြိမ်းသတ်ကာ ည ၉ နာရီကျော်လောက်မှာ မီးညွှန့်ကျိုးခဲ့ပါတယ်။
ဓာတ်ပုံ - အောင်သူ (DVB)
[gallery ids="82051,82052,82053,82054"]