A d v e r t i s e m e n t With Us

အစ္စရေး စစ်ဦးစီးအရာရှိချုပ်သစ် ခန့်အပ်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စစ်ဦးစီးအရာရှိချုပ်သစ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ဂါဒီ အိုက်ဇင်းကာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ခန့်အပ်လိုက်ပါတယ်။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ “အစ္စရေးက ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှု အမျိုးမျိုးကို ကိုင်တွယ် ဖြေရှင်းရမယ်။ အီရန်အရေးက သူရဲ့ ထိပ်တန်းလုပ်ငန်းစဉ် ဖြစ်လာမယ်။”လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။ အရင်စစ်ဦးစီး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ဘန်နီ ဂန့်ဇ်ရဲ့ နေရာမှာ အစားထိုးတဲ့ ဒီရာထူးခန့် အခမ်းအနားကို ဂျေရုဆလင်မြို့က ဝန်ကြီးချုပ်အိမ်တော်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ အရှေ့အလယ်ပိုင်းဒေသက ပြိုကွဲနေပြီ။ နိုင်ငံတွေလည်း ကျဆုံးနေပြီ ခုလို အခြေအနေမှာ အင်ပါယာအနေနဲ့ တည်မြဲနေတာ အီရန်ပဲလို့ နေတန်ယာဟုက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဟာ ပြည်တွင်းနဲ့ ပြည်ပဝေဖန်မှုတွေကို ကြံ့ကြံ့ခံရင်း လာမယ့်လမှာ အီရန်နျူးကလီးယား အစီအစဉ်အပေါ် အမေရိကန်အောက်လွှတ်တော် အစည်းအဝေးအတွင်း စကားပြောခွင့်ရဖို့ မျှော်လင့်နေပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်ကတော့ “စစ်ဦးစီးအရာရှိချုပ်အသစ်ဟာ တောင်းဆိုထားတဲ့ အခန်းကဏ္ဍကို ဆောင်ရွက်ဖို့ လိုအပ်တဲ့ စရိုက်လက္ခဏာတွေ ရှိတယ်လို့ ယုံကြောင်း” ပြောပါတယ်။ အသက် ၅၄ နှစ်အရွယ် အိုက်ဇင်းကာဟာ အစ္စရေးမြောက်ပိုင်း လက်ဘနွန်နဲ့ ဆီးရီးယား နယ်စပ်တလျှောက်က တပ်တွေရဲ့ အကြီးတန်း စစ်ဦးစီးမှူး ဖြစ်ခဲ့သူပါ။ ဝန်ကြီးချုပ်ဟောင်း အီဟွန်ဘားရတ်ခ်လက်ထက်က စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး တခြားထိပ်တန်းနေရာတွေ အတော်များများကိုလည်း တာဝန်ထမ်းဆောင်ဖူးပါတယ်။ သူနဲ့ အတန်းတူ ထိပ်တန်းအရာရှိတွေကတော့ အိုက်ဇင်ကာကို တိတ်ဆိတ်တဲ့ အတွေးသမားအဖြစ် ရည်ညွှန်းပြောဆိုပါတယ်။ သူဟာ လက်ဘနွန်နယ်စပ်မှာ တပ်တွေကို ကြီးကြပ်ဖူးတဲ့အပြင် အငယ်တန်း အရာရှိ လက်ထက်က အနောက်ဘက်ကမ်းပါးကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း တပ်တွေကို ဦးဆောင်ခဲ့ဖူးပါတယ်။ [gallery ids="82025,82026,82027,82028"]

A d v e r t i s e m e n t With Us

More News
Up