Home
မြန်မာသတင်း
လူမဲ့သူမဲ့ အပျက်အစီးများကြားက လောက်ကိုင်မြို့ (ဓာတ်ပုံ အက်ဆေး)
ခွန်ဇော်ဦး
·
February 17, 2015
တချိန်က ဈေးဆိုင်တွေ လောင်းကစားရုံတွေနဲ့ စည်းစည်ကားကားရှိခဲ့တဲ့ လောက်ကိုင်မြို့ဟာ ခုလက်ရှိ အချိန်မှာတော့  မြို့ပျက်ကြီးတခုလို ဖြစ်နေပါပြီ။ [caption id="attachment_82008" align="aligncenter" width="608"]IMG_3304 သတင်း ဓာတ်ပုံ (ခွန်ဇော်ဦး)[/caption] IMG_3398                     လူသူမရှိသလောက် နည်းပါးနေတဲ့ မြို့ပေါ်ကလမ်းတွေပေါ်မှာ လူတစ်ယောက်စ နှစ်ယောက်စသာ တွေ့မြင်ရ ပါတယ်။ IMG_3346                     IMG_3422                     IMG_3260                     IMG_3446                       IMG_3356                     ဆိုင်ခန်းတွေ၊ နေအိမ်တွေနဲ့ အစိုးရရုံးခန်းတွေ ပိတ်ထားတာကြောင့် မြို့ဟာ ခြောက်ကပ်နေ ပြီး လူတချို့ ကတော့ ပိုင်ရှင်မဲ့ ဆိုင်ခန်းတွေကို ဖောက်ယူသွားခဲ့ကြပါတယ်။ IMG_3370                     မြို့မှာ တရားဥပဒေ စိုးမိုးမှုမရှိတော့တာကြောင့် ကြံခင်းပိုင်ရှင်တစ်ဦးကို လူ ၃ ဦးက ပြန်ပေးဆွဲပြီး တရုတ်ငွေ ၁၅ သိန်းနဲ့ ရွေးခိုင်းပါတယ်။ ယောက်ျား ပြန်ပေးဆွဲခံထားရတာကို မရွေးနိုင်လို့  ဘာလုပ်ရမှန်း မသိလို့ လမ်းမဘေးထိုင်ပြီး ငိုင်နေတဲ့ အမျိုးသမီးတဦးကို တွေ့ခဲ့ရပါတယ်။ အစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်တွေအကြား ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွားခဲ့ပေမယ့် ခုတော့ မြို့တွင်းတိုက်ပွဲတွေ ညပိုင်းမှာ အဓိက ဖြစ်ပွားပါတယ်။ ကယ်ဆယ်ရေး လုပ်နေသူ တဦးကတော့ ၁၆ ရက်နေ့ မနက်ပိုင်းက လမ်းဘေးမှာ သေနေတဲ့ အလောင်း ၁၇ လောင်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပညာရေးဝန်ထမ်း ၃ ဦးနဲ့ အရပ်သား ၃ ဦး သေဆုံးပြီး ၃၁ ဦး ဒဏ်ရရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က အတည်ပြုပြောပါတယ်။ လောက်ကိုင်မြို့ကိုတော့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး အစိုးရ တပ်မတော်က ရှင်းလင်းရေးလုပ်နေပါတယ်။ IMG_3463                     IMG_3460                       ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ကနေ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်ကို သွားတဲ့ လမ်းတလျှောက်မှာရှိတဲ့ သိန္နီ၊ ကွမ်းလုံနဲ့ ချင်းရွှေဟော်မြို့တွေမှာလည်း အစိုးရတပ်က လုံခြုံရေး အပြည့်ချထားပါတယ်။ IMG_3219                       IMG_3559                       IMG_3587                     IMG_3273                       ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေတဆင့် တရုတ်ပြည်ကို မြန်မာထွက်ကုန်တွေတင်ပို့တဲ့ ကုန်တင်ယာဉ်တွေ အပြင် ခရီးသယ်ယာဉ်တွေနဲ့ အရင်က စည်ကားနေတဲ့ သိန္နီ-ချင်းရွှေဟော်ကာ လမ်းကြီးမှာ အခုတော့ ယာဉ်အသွားအလာ မရှိလောက် နည်းပါးနေပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကယ်တင် သယ်ဆောင်လာတဲ့ ကားတချို့သာ သွားလာနေပါတယ်။ ကွမ်းလုံမြို့ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးအနီးမှာ ကယ်ဆယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ထား ပါတယ်။ ချင်းရွှေဟော်မြို့မှာတော့ ကွမ်းလုံမြို့ကနေ လောက်ကိုင်မြို့က စစ်ရှောင်တွေကို ကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ မြို့ကို လုံခြုံရေးယူထားတဲ့ တပ်မတော်သားအများစုသာရှိပြီး ပြည်သူအများစု ကတော့ ဘေးကင်းရာကို တိမ်းရှောင်နေပါတယ်။ [gallery ids="82008,82007,82014,82006,82004,82005,82003,82012,82013,82010,82020,82021,82022,82032,82031,82029,82033,82024,82023"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024