A d v e r t i s e m e n t With Us

အီဂျစ် လေကြောင်း တိုက်ခိုက်မှု အချုပ်အခြာ အာဏာကို စော်ကားဟု လစ်ဗျားပြော

ဖေဖော်ဝါရီ ၁၆ ရက်က နိုင်ငံအရှေ့ပိုင်း ဒါနာမြို့ကို အီဂျစ်ကရဲ့ လေကြောင်းတိုက်ခိုက်မှုက အချုပ်အခြာ အာဏာကို စော်ကားတာလို့ လစ်ဗျားနိုင်ငံ ထရီပိုလီအခြေစိုက် လွှတ်တော်က ပြောဆိုလိုက်ပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော်(အိုင်အက်စ်)က အီဂျစ်နိုင်ငံသား ခရစ်ယာန်ဘာသာဝင် ၂၁ ဦးကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ရုပ်သံ ဖြန့်ချီခဲ့ပြီးနောက် အီဂျစ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ Egypt airstrickအမျိုးသားလွှတ်တော် ပြောခွင့်ရ အိုမာ ဟိုမေဒန်က အိုင်အက်စ်တွေရဲ့ သတ်ဖြတ်မှုကို ရှုတ်ချလိုက်ပြီး အီဂျစ်ပြည်သူတွေကို ကိုယ်ချင်းစာပေမယ့် အီဂျစ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်ဟာ လစ်ဗျားရဲ့ အချုပ်အခြာအာဏာ ကို စော်ကားတယ်လို့ ပြောပါတယ်။ အီဂျစ်ရဲ့ အရုဏ်ဦး တိုက်ခိုက်မှုအတွင်း လစ်ဗျားလေတပ်လဲ ပါဝင်ခဲ့သလို အိုင်အက်စ်တွေရဲ့ စခန်းတွေ သင်တန်းပေးခန်းမတွေနဲ့ လက်နက်သိုလှောင်ရာ နေရာတွေကို ပစ်ခတ်ခဲ့ပါတယ်။ လစ်ဗျားမှာ ပြိုင်ဘက် အစိုးရ ၂ ရပ်ရှိနေသလို ဒီအစိုးရ ၂ ရပ်လုံးက ကွဲပြားနေတဲ့ လက်နက်ကိုင် အကွဲအပြဲကို ဖယ်ရှားဖို့ မဟာမိတ် ပြုထားပါတယ်။ ၂၀၁၁ ခုနှစ် လစ်ဗျားအာဏာရှင် မွတ်မာ ကဒါဖီ ကျဆုံးချိန်က စတည်ပြီး လစ်ဗျားမှာ အစ္စလာမ္မစ် လှုပ်ရှားမှုတွေ ရှိနေတာဖြစ်ပါတယ်။      

A d v e r t i s e m e n t With Us

More News
Up