A d v e r t i s e m e n t With Us

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် အစိမ်းရောင်ကတ် ထုတ်ပေးရန်စီစဉ်

မတ်၃၁ရက် သက်တမ်းကုန်ဆုံးတော့မယ့် ပန်းရောင်ကတ်ကိုင်ထားသူ မြန်မာအလုပ်သမားတွေ အတွက်  သက်သေခံလက်မှတ် (Certificate of Identity) စာအုပ် အစိမ်းရောင် ထုတ်ပေးမယ့် အစီအစဉ်တရပ်ကို  မြန်မာနဲ့ ထိုင်းအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ကြဖို့ရှိနေပါတယ်။ ယာယီနေထိုင်ခွင့် ပန်းရောင် လက်မှတ်ရှိ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲ ရှေ့ဆက် လုပ်ကိုင် နေထိုင်သွားဖို့ အခုလိုအစိမ်းရောင်လက်မှတ် ထုတ်ပေးဖို့စီစဉ်နေတာလို့  ဘန်ကောက်  မြန်မာသံရုံးက အလုပ်သမားသံမှူး ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။ [caption id="attachment_81992" align="alignright" width="220"]green ဓာတ်ပုံ- အစိမ်းရောင် လတ်မှတ် နမူနာ ပုံစံ[/caption] “ပြီးခဲ့တဲ့ နှစ်က ပန်းရောင်ကတ်ပေးထားတဲ့လူအားလုံး ၆ သိန်း ၅ သောင်းကျော်ရှိပါတယ်။ ယာယီ နိုင်ငံကူး လက်မှတ်လုပ်ဖို့ လာပြီးလျှောက်ထားတာ အခုထိ တစ်သောင်းကျော်ဘဲ ရှိသေး တယ်။ အဲဒီလို လာမလုပ်နိုင် တာက သူတို့မှာ မြန်မာပြည်က မှတ်ပုံတင်၊၊ အိမ်ထောင်စု ဇယား စတဲ့ အထောက်အထားတွေ မရှိတဲ့ပြဿ     နာဖြစ်နေတယ်လို့ သိရပါတယ်။ သူတို့ သက်တမ်း ကုန်ဖို့ကလည်း တစ်လကျော်ဘဲကျန်တော့ အဆင်ပြေအောင် ခုလိုစီစဉ်ပေးရတာ” လို့ ပြောပါတယ်။ မြန်မာအစိုးရက အခု လုပ်ပေးမယ့် သက်သေခံလက်မှတ်စာအုပ်အစိမ်းရောင်ရဲ့ သက်တမ်းက ၂နှစ်ဖြစ်ပြီး မြန်မာဘက်က ကျသင့်ငွေ ဘတ် ၄၄၀ သတ်မှတ်ထားကာ ထိုင်းဘက်က ၂နှစ်စာ ဗီဇာကြေးဘယ်လောက်သတ်မှတ်မယ်ဆိုတာကိုတော့ ညှိနှိုင်းနေတုန်းဘဲလို့ သိရပါတယ်။ ဒီအစီအစဉ်ကို မြန်မာအစိုးရက ထိုင်းအစိုးရထံ အကြောင်းကြားထားပြီး ထိုင်းဘက်က အကြောင်းပြန်တာနဲ့ မတ်လဆန်းလောက်မှာ လုပ်ငန်းစဉ်စတင်ဖို့ရှိတဲ့အကြောင်းနဲ့ အရင် ပန်းရောင်ကတ်လုပ်ပေးခဲ့ပုံမျိုး သတ်မှတ်ထားတဲ့ရုံးတွေမှာ နေ့ချင်းပြီး ပြုလုပ်ပေးမယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့  ထိုင်း​အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ ပညာ​ရေး​ဖောင်​ဒေး​ရှင်း​ (FED) က အလုပ်သမား​ရေး​ရာတာဝန်ခံ ကိုမိုး​ဝေက “ပြီးခဲ့တဲ့နှစ်က ထုတ်ပေးခဲ့တဲ့ ပန်းရောင်ကတ်တွေက မတ်လကုန်ဆို သက်တမ်းကုန်တော့မယ်၊ အလုပ်သမားအများစုက မြန်မာမှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မရှိကြတော့ အရင်ထုတ်ပေးတဲ့ ယာယီနိုင်ငံကူးလက်မှတ်လုပ်ပေးဖို့ မဖြစ်နိုင်ဘူး၊ ဒီတော့ အခု သက်သေခံလက်မှတ်စာအုပ် အစိမ်းရောင်ထုတ်ပေးထားမယ်၊မှတ်ပုံတင် ဘာညာမရှိလဲ ထုတ်ပေးမယ်”လို့ ပြောပါတယ်။ မြန်မာဘက်က အခုလုပ်ပေးမယ့် သက်သေခံစာအုပ်အစိမ်းရောင် ကိုင်ဆောင်ထားသူဟာ ထိုင်း နိုင်ငံလုံး သွားလာနိုင်မှာဖြစ်ပြီး မြန်မာပြည်ပြန် မှတ်ပုံတင်သန်းခေါင်စာရင်းလုပ်လိုရင်လည်း ပြန်လို့ ရအောင် စီစဉ်ပေးမှာဖြစ်ပါတယ်။ သက်သေခံ အစိမ်းရောင်လက်မှတ်တွေ  လုပ်ပေးမယ့်ကိစ္စကို လာမယ့် မတ်လအတွင်း စတင်ဆောင်ရွက်နိုင် လိမ့်မယ်လို့  မြန်မာအလုပ်သမားသံမှူးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up