A d v e r t i s e m e n t With Us

ရုရှားလုံခြုံရေးကောင်စီတွင် သမ္မတပူတင် ယူကရိန်းအရေး ဆွေးနွေး

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က သူရဲ့ နေအိမ်မှာ ကျင်းပတဲ့  ရုရှား လုံခြုံရေးကောင်စီ အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။ ဘီလာရုစ်နိုင်ငံ မင့်ခ်စ်မြို့မှာ သဘောတူခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးကြတာပါ။ ရုရှားလိုလားတဲ့ သူပုန်တွေကတော့ ယူကရိန်းအစိုးရတပ်တွေကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဝန်းရံ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းအစိုးရကလည်း သဘောတူညီချက် ကျိုးပေါက်ခဲ့ချိန်မှာ လက်နက်ကြီးတွေကို ပြန်မဆုတ်ဘူးလို့ ပြောပါတယ်။ ဒါကြောင့် အီးယူက ကြားဝင်စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုဟာ စတင် သက်ရောက်တဲ့နေ့က စပြီး နောက်နေ့မှာပဲ ကျိုးပျက်ခဲ့ပါတယ်။ ဥရောပသမဂ္ဂကတော့ ဒဏ်ခတ်ဖို့ ယူကရိန်း ခွဲထွက်ရေးသမားတွေနဲ့ ရုရှားလူမျိုး စာရင်းသစ်ကို ပြုစုခဲ့ပါတယ်။ ရုရှားကလည်း လုံလောက်အောင် တုံ့ပြန်မယ်လို့ ကတိပြုပါတယ်။ အရင်အပတ်က ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ ယူကရိန်းခေါင်းဆောင်တွေ ၁၆ နာရီကြာ ညလုံးပေါက် ဆွေးနွေးပွဲကနေ သဘောတူခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ စတင်သက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် သူပုန်တွေက သက်ရောက်ပြီး နာရီပိုင်းအတွင်း သူတို့မှာ အပစ်အခတ် ရပ်စဲရေးကို လိုက်နာဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ကြေညာခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်း နေရာအများအပြားမှာ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ အမေရိကန်ကတော့ ဗျူဟာမြောက် ရထားလမ်းဆုံမြို့ပတ်လည်က သူပုန်စစ်ဆင်ရေးကို ရုရှား လက်နက်ကိုင်တပ်တွေက ထောက်ပံ့နေတယ်လို့ ပြောပြီး ရုရှားကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။ [gallery ids="82015,82016,82017"]

A d v e r t i s e m e n t With Us

More News
Up