A d v e r t i s e m e n t With Us

အမတ်များခွင့်တိုင်ကြားမှုများနေသည့်ကိစ္စ လွှတ်တော်ဥက္ကဋ္ဌသတိပေး

ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ဘဲ ခွင့်တိုင်ကြားမှု အရေအတွက် များနေတာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၅ရာခိုင်နှုန်းဖြစ်တဲ့ ကိုယ်စားလှယ်ဦးရေ ၁၀၃ ဦး ခွင့်တိုင်ကြား ခဲ့တာကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုလိုက်တာပါ။ U Shwe Mann met ethnic minister 13012015(z15“လွှတ်တော် အစည်းအဝေးတွေဟာ နိုင်ငံနဲ့ နိုင်ငံသားများအတွက် အင်မတန် အရေးကြီးတဲ့ အစည်းအဝေးဖြစ်လို့ ဒီလိုအချိန်မျိုးမှာမိမိမလွှဲမရှောင်သာတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ကျန်းမာရေးကိစ္စတွေ ရှိကောင်းရှိ နိုင်ပေမယ့် ပြည်သူ ကိုယ်စား ပြည်သူ့ ကိုစားလှယ် ဖြစ်တဲ့အတွက် ဒီအချိန်မှာဘယ်ဟာကို အလေးထားဆောင်ရွက်ရမယ်ဆိုတာ သုံးသပ်ဆောင်ရွက်ရမယ့် အချိန်ရောက်လာပါပြီ။”လို့ ဦးရွှေမန်းက ပြောပါတယ်။ အစည်းအဝေးမတက်ရောက်နိုင်တဲ့ကိုယ်စားလှယ်တွေကို  သက်ဆိုင်ရာပါတီတာဝန်ရှိသူတွေက လိုအပ် သလို ပြောဆိုဆောင်ရွက်ဖို့တယ်လို့လည်း လွှတ်တော်အကြီးအကဲက သတိပေးပြောကြား သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up