ကိုပေဟေဂင် တိုက်ခိုက်ခဲ့သည့် သေနတ်သမားကို ကူညီသူ ၂ ဦး တရားစွဲ

927
ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ သေနတ်သမားကို လက်နက်တွေ ထောက်ပံ့ ကူညီသူ ၂ ဦးကို တရားစွဲဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်က စွဲဆိုလိုက်တာ ဖြစ်သလို ဒီလူတွေဟာ သေနတ် သမား ပုန်းအောင်းဖို့လည်း ကူညီခဲ့တယ်လို့ စွဲဆိုခံထားရတဲ့သူ တဦးရဲ့ ရှေ့နေကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာရေးပါတယ်။
စွဲဆိုမှုကို ရဲက အတည်ပြုခဲ့ပေမယ့် စွဲဆိုထားသူတွေနဲ့ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
သေနတ်သမားဟာ အိုမာ အယ်ဟူစိန် ဖြစ်တယ်လို့လည်း ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။
ကိုပေဟေဂင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုကြောင့် လူ ၂ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ သလို သေနတ်သမားကိုလည်း ရဲတွေက အသေပစ်ခတ်ခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ လူတွေက ဒိန်းမတ်မြို့တွေမှာ စုရုံးခဲ့ပြီး ပစ်ခတ်ခံရတဲ့ ဓားစာခံတွေကို သတိရတဲ့ အထိမ်းအမှတ်ကို လုပ်ဆောင်ခဲ့ပါတယ်။
ဖယောင်းတိုင်နဲ့ မီးတုတ်တွေ ကိုင်ဆောင်ထားတဲ့ လူအုပ်က တမိနစ်လောက် ငြိမ်းသက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်မှာ မြို့တော်မှာ နိုင်ငံတော် အလံကို တ၀က်လွှင့်ထူပြီး ပူဆွေးမှုကို ပြသခဲ့ပါတယ်။
[gallery ids="81981,81976,81977,81978,81979,81980"]