A d v e r t i s e m e n t With Us

မန်ယူ အက်ဖ်အေဖလား ကွားတားဖိုင်နယ်တက်

တနင်္လာနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ မန်ယူက ပရင်စတန်ကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရပြီး ကွားတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ အဝေးကွင်းမှာ မန်ယူအသင်း နောက်ကနေ လိုက်ကစားခဲ့ရပြီး ဟယ်ရဲရာ၊ဖယ်လိုင်နီနဲ့ ရွန်နီတို့ရဲ့ သွင်းဂိုးတွေနဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားတာပါ။ ဒီပွဲမှာ မန်ယူက အဓိက ကစားသမားတွေနဲ့လူစုံထုတ် ယှဉ်ပြိုင်သွားလို့ ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ပေမယ့်လည်း ထိုးဖောက် ကန်သွင့်ခွင့်မှာတော့ ပရင်စတန်က ပိုရခဲ့တာပါ။ ဒီပွဲ နိုင်လိုက်လို့ ကစားကွက်နဲ့ပက်သက်လို့ ဝေဖန်ခံရနေရတဲ့ နည်းပြ ဗန်ဂါးအတွက်လည်း စိတ်သက်သာရာ ရခဲ့ပါတယ်။ မန်ယူဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာတော့ လက်ရှိ ချန်ပီယံ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ကွာတား ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ အက်စတွန်ဗီလာက ၀က်စ်ဘရောင်း၊ဘရက်ဖို့ စီးတီးက ရက်ဒင်း၊ လီဗာပူးက ဘလက်ဘန်းနဲ့ ဆုံရမှာပါ။ ပွဲစဉ်တွေကို လာမယ့် မတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ စတင်သွားမှာပါ။ [gallery ids="81973,81972,81970,81971"]

A d v e r t i s e m e n t With Us

More News
Up