Home
မြန်မာသတင်း
ကျောင်းသားဆန္ဒပြပွဲ ဥပဒေအရ ဆောင်ရွက်မည်ဟု ပြည်ထဲရေးပြော
DVB
·
February 16, 2015
လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ လက်မှတ်ထိုးပြီးသားဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင် တာကြောင့် ကျောင်းသားဆန္ဒပြပွဲတွေကို ဥပဒေအရ ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးဌာန ဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက် ကျင်းပတဲ့  ပြည်သူ့လွှတ်တော်အပြီးမှာ လက်ရှိဆန္ဒပြ ကျောင်းသားတွေကို ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကို ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဖြေကြားသွားတာ ဖြစ်ပါတယ်။ Deputy“၄ပွင့်ဆိုင် ဆွေးနွေးပွဲလုပ်ပြီး ပြီလေ၊ ကျောင်းသား အဖွဲ့ဘက်ကရော၊ ဒီဘက်က အစိုးရရော နောက်ကျန်တဲ့ ပါတဲ့ အဖွဲ့တွေကရော အကုန်းလုံးက သဘောတူ ဆုံးဖြတ်ပြီး သူတို့ကိုယ်တိုင် လတ်မှတ်ရေး ထိုးပြီး သား ဖြစ်တယ်၊ ဒါဆိုမလိုလားအပ်တဲ့ တခြား ပြဿနာတွေ ဖြစ်နိုင်တဲ့ အတွက် ဒါကို ဟန့်တား တာပဲ ဖြစ်ပါတယ်၊  အဲဒါကို ထုတ်ပြန်ကြေညာပြီးဖြစ်တယ်၊ ဥပဒေအတိုင်းဆောင်ရွက်မှာ ဖြစ်တယ်” လို့ ပြောပါတယ်။ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သပိတ်မှောက် ကော်မတီဝင် ကိုနန္ဒစစ်အောင်က အရေးယူမှုတွေ လုပ်မယ်ဆိုရင် ဒီမိုကရေစီအစိုးရ ဟုတ်မ ဟုတ်စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့  အစိုးရ၊လွှတ်တော်၊ပညာရေး ကွန်ယက်နဲ့ သပိတ်မှောက်ကျောင်းသားတွေ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေ ထည့်သွင်း ရေးသားထားတဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေး ၀န်ကြီးဌာနက လွှတ်တော်ကို တင်သွင်းမှာ ဖြစ်ပါတယ်။ ကျောင်းသားသပိတ်စစ်ကြောင်းတွေထဲမှာ မန္တလေးကနေ ချီတက်နေတဲ့ ပင်မစစ်ကြောင်းက ရန်ကုန်ကို ဆက်လက် ချီတက်မှာ ဖြစ်ပြီး ကျန်တဲ့စစ်ကြောင်းတွေက ခေတ္တရပ်နားထားမယ်လို့ ဒီကနေ့ ကြေညာထားပါတယ်။ အစိုးရကတော့ ရန်ကုန်တိုင်းးဒေသကြီးအ၀င်မှာ လုံခြုံရေး အတားအဆီးတွေ ချထားပြီး သပိတ်စစ်ကြောင်းကို တားဆီးဖို့ လုပ်ဆောင်နေပြီး  ကျောင်းသားတွေအနေနဲ့ ရန်ကုန်ကို ၀င်မလာဖို့ ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024