A d v e r t i s e m e n t With Us

ဟူသီသူပုန်များ သိမ်းပိုက်ထားသည့် ယီမင်နိုင်ငံ မြို့တော်ကနေ ပြန်ဆုတ်ပေးရန် ကုလ တောင်းဆို

ယီမင်နိုင်ငံ မြို့တော် ဆာနာကို သိမ်းပိုက်ထားတဲ့ ရှီးယားဂိုဏ်းဝင် ဟူသီသူပုန်တွေ မြို့တော်ကနေ ပြန်ဆုတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တညီတညွတ်ထဲ တောင်းဆိုလိုက်ပါတယ်။ တကယ်လို့ တောင်းဆိုမှုကို မလိုက်နာရင် ဘယ်လိုဆက်လက်အရေးယူမယ်ဆိုတာကိုတော့ ဒီဆုံးဖြတ်ချက်မှာ တိတိကျကျ ဖော်ပြမထားပါဘူး။ ဟူသီသူပုန်တွေဟာ သူတို့ရဲ့အမာခံမြောက်ပိုင်းဒေသကနေ  နိုင်ငံတောင်ပိုင်းကို သိမ်းပိုက်ခဲ့ကြပြီး ပြီးခဲ့တဲ့လအစောပိုင်းက မြို့တော်ဆာနာမှာ  ယီမင်နိုင်ငံအစိုးရအဖွဲ့ကိုပါ ဖြုတ်ချခဲ့တာပါ။ ဒါကြောင့် ယီမင်အခြေစိုက် အယ်ကိုင်ဒါတွေအပါအ၀င် တခြားဆွန်နီဂိုဏ်းဝင်တပ်ဖွဲ့တွေနဲ့ပါ ဟူသီသူပုန်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာပါ။ ယီမင်နိုင်ငံနဲ့ နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေက တောင်းဆိုနေတဲ့ ဟူသီသူပုန်တွေကို စစ်ရေးအရ ၀င်ရောက်အရေးယူဖို့ကိုတော့ ဒီလုံခြုံရေးကောင်စီဆုံးဖြတ်ချက်က ခွင့်မပြုပါဘူး။ ဒီ ရှီးယားမွတ်စလင် ဟူသီသူပုန်တွေကို ရှီးယားမွတ်စလင်ဦးဆောင်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံက နောက်ခံ ပေးထားတယ်လို့ ယုံကြည်နေကြပေမယ့် သူတို့ဘက်ကတော့ ငြင်းဆန်ထားပါတယ်။ နေအိမ်အကျယ်ချုပ်ခံထားရတဲ့ ယီမင်သမ္မတ ဟာဒီ(Hadi)ကို ပြန်လွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ယီမင်နိုင်ငံ ပြည်တွင်းရေးကို အပြင်ကနေ ၀င်ရောက် မစွတ်ဖက်ဖို့ကိုလည်း ဒီဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။ [gallery ids="81933,81932,81931,81930,81929"]

A d v e r t i s e m e n t With Us

More News
Up