A d v e r t i s e m e n t With Us

စင်ကာပူဝန်ကြီးချုပ် အသေးစားခွဲစိတ်မှု အောင်မြင်

ခံစားနေရတဲ့ ဆီးကျိတ် ကင်ဆာအတွက် ဆီးကျိတ်ကို ဖယ်ရှားဖို့ ခွဲစိတ်ကုခံယူတာ အောင်မြင်တယ်လို့ စင်ကာပူ ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ 10968578_857415417654499_6724019498307274906_nဖေဖော်ဝါရီ ၁၆ ရက်က စင်ကာပူ အထွေထွေ ဆေးရုံမှာ ခွဲစိတ်ကုသခံယူခဲ့တာဖြစ်ပြီး ချာချောမွေ့မွေ့ပြီးဆုံးသွားသလို မကြာခင် သက်သာလာမယ်လို့ ခွဲစိတ်ကုသတာကို ခေါင်းဆောင်တဲ့ ဆရာဝန်ကြီးကို ကိုးကားပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဆုတောင်း အားပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဇန်န၀ါရီလက လီက ခွဲစိတ်ကုသမှုတခုကို ခံယူခဲ့ပါသေးတယ်။ ဒီခွဲစိတ်မှုဟာ ဇန်န၀ါရီလက ခွဲစိတ်ကုသမှုနဲ့ မပတ်သက်ဘူးလို့လည်း ဆိုပါတယ်။ လီက ဆေးခွင့်နဲ ခွင့်တပတ်ယူထားတာ ဖြစ်ပြီး ခွဲစိတ်ကုသခံယူစဉ် အတွင်း လက်ထောက် ၀န်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး တိုချီဟင်က ၀န်ကြီးချုပ် အဖြစ် တာဝန်ယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up