A d v e r t i s e m e n t With Us

ပြင်သစ်လေကြောင်းလိုင်း လေယာဉ်တစင်း အင်ဂျင် ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်

Workers unveil the new Air France logo on a Boeing 777 300-ER in Everettတောင်ကိုရီးယားနိုင်ငံကနေ ပြင်သစ်နိုင်ငံကို ပျံသန်းလာတဲ့ ပြင်သစ်လေကြောင်းလိုင်း ဘိုရင်း ၇၇၇ လေယာဉ်တစင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က လမ်းတ၀က်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ ဆိုးလ်မြို့တော်ကနေ ပါရီမြို့တော်ကို ပျံသန်းလာချိန် ဘယ်ဘက်အင်ဂျင် ရပ်သွားလို့ ခရီးစဉ်တ၀က်ဖြစ်တဲ့ ရုရှားနိုင်ငံ ကော့တ်ဆိုဗို(Koltsovo) မြို့ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲမှာ လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ပြီး ခရီးသည် ၂၉၀နဲ့ လေယာဉ်အမှုထမ်း ၁၈ ဦးပါ အထိအခိုက်မရှိ ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့တယ်လို့ ကော့တ်ဆိုဗိုလေဆိပ် ညွှန်ကြားရေးမှူးတဦးက ပြောဆိုပါတယ်။ ခရီးသည်တဦးကလည်း လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရပေမယ့် လေယာဉ်ပေါ်မှာ ခရီးသည်တွေ အထိတ်တလန့်မဖြစ်ခဲ့ပဲ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပဲ ရှိခဲ့တယ်လို့ ပြောဆိုပါတယ်။ ပြင်သစ်လေကြောင်းလိုင်းက စေလွှတ်လိုက်တဲ့ အစားထိုးလေယာဉ်တစင်းနဲ့ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးကျွမ်းကျင်သူတွေပါ ညပိုင်းမှာ ရောက်ရှိလာဖို့ ရှိတယ်လို့လည်း ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up