A d v e r t i s e m e n t With Us

အလယ်တန်း ကစားသမားဝယ်မည့် မန်ယူ

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်းက အလယ်တန်း ကစားသမားကို နွေရာသီမှာ ၀ယ်ယူသွားမယ်လို့ နည်းပြ လူးဝစ် ဗန်ဂါက ပြောဆိုလိုက်ပါတယ်။ Van Gaal Man Uရွန်နီကို အလယ်တန်းမှာ ကစားခိုင်းတဲ့ အတွက် မန်ယူနည်းပြဟာ ဝေဖန်ခံနေရတဲ့အပေါ် တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပြီး ဟန်ချက်ထိန်းပေးနိုင်တဲ့ အလယ်တန်းသမား တဦး လိုချင်နေတယ်လို့ ဗန်ဂေါက ပြောပါတယ်။ ဂျနုဇက်၊ ဒီမာရီယာတို့ကို အလယ်တန်းမှာ ကစားခိုင်းတဲ့ အခါ ဖန်းတီးပေးနိုင်တဲ့ ဒီကစားသမားတွေရဲ့ ဟန်ချက်ကို ထိန်းပေးနိုင်တဲ့သူတဦးလိုတယ်လို့ သူက ပြောပါတယ်။ ရွန်နီကို အလယ်တန်းမှာ ကစားခိုင်းတဲ့အပေါ် တစုံတရာ မကျေမနပ် ပြောဆိုတာ မရှိဘူးလို့ ဗန်ဂေါက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up