A d v e r t i s e m e n t With Us

ကိုပင်ဟေဂင်ကော်ဖီဆိုင် ပစ်ခတ်တိုက်ခိုက်သူ အကြမ်းဖက်မှတ်တမ်းရှိကြောင်း ဒိန်းမတ်ရဲ ပြောဆို

ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်မှာ ပြီးခဲ့တဲ့ ၂ ရက်က အသက် ၂၂ နှစ်အရွယ် လက်နက်ကိုင်တိုက်ခိုက်ခဲ့သူဟာ အကြမ်းဖက်မှုမှတ်တမ်းရှိသူလို့ ဒိန်းမတ်ရဲတွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ဖော် ပြောဆိုပါတယ်။ ကော်ဖီဆိုင်တဆိုင်မှာ ပြုလုပ်နေတဲ့ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ဆွေးနွေးခန်းကို ပစ်ခတ်မှုမှာတော့ ရုပ်ရှင်ဒါရိုက်တာတဦး သေဆုံးပြီး၊ နောက် ဂျူးဘုရားကျောင်းပစ်ခတ်မှုမှာတော့ ဘုရားကျောင်းအစောင့်တဦး သေဆုံးခဲ့တာပါ။ ပစ်ခတ်မှု ၂ မှုမှာ ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေနတ်သမား သေဆုံးခဲ့တယ်လို့ ရဲကော်မရှင်နာ မင်းကြီးက သတင်းထောက်တွေကို ပြောဆိုပါတယ်။ သေနတ်သမားဟာ အရင်ကလည်း အကြမ်းဖက်မှု၊ လက်နက်မှုတွေနဲ့ ရဲရဲ့ဖမ်းဆီးခံခဲ့ရဖူးသူ တဦးဖြစ်ပြီး တကိုယ်တော် တိုက်ခိုက်ခဲ့ကြောင်း ယုံကြည်ရတယ်လို့လည်း ရဲက ပြောဆိုပါတယ်။ သူ ဘယ်သူဘယ်ဝါဆိုတာကို နာမည်နဲ့တကွ ရဲက ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် သူဟာ အိုမာ အယ် ဟူစိန် ဖြစ်တယ်လို့ ဒိန်းမတ်မီဒီယာတွေမှာ ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြကြပါတယ်။ [gallery ids="81894,81895,81896,81897,81898"]

A d v e r t i s e m e n t With Us

More News
Up