A d v e r t i s e m e n t With Us

အီဂျစ် ၂၁ ဦး အိုင်အက်စ် ခေါင်းဖြတ်သတ်

လစ်ဗျားနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ခရစ္စယာန် ဘာသာဝင် အီဂျစ် ၂၁ ဦး ခေါင်းဖြတ် စီရင်လိုက်တဲ့ ဗွီဒီယိုကို အစ္စလာမ္မစ် (အိုင်အက်စ်)အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက် ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုမှာတော့ လက်ထိတ်ခတ်ခံထားတဲ့ လိမ္မော်ရောင် ၀တ် အီဂျစ်နိုင်ငံသားတွေကို အနက်ရောင်ဝတ် အိုင်အက်စ်အဖွဲ့ဝင်တွေက လစ်ဗျား ထရစ်ပိုလီ ကမ်းခြေတနေရာမှာ စီရင်လိုက်တာ ဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းက ရေးပါတယ်။ ဇန်န၀ါရီလက လစ်ဗျားမှာရှိတဲ့ အိုင်အက်စ်အဖွဲ့ခွဲက အီဂျစ် ခရစ္စယာန် ၂၁ ဦးကို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အီဂျစ်သမ္မတကတော့ တိုင်းပြည်ရဲ့ ထိပ်တန်းလုံခြုံရေး အစည်းအဝေး ခေါ်ဆိုလိုက်ပြီး ၇ ရက်ကြာ ၀မ်းနည်းပူဆွေးမှုကို ကြေညာပါတယ်။ ဂျော်ဒန်လေယာဉ်မှူးကို မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း ထပ်မံ ထုတ်လွင့်လိုက်တဲ့ ဗွီဒီယိုဖိုင် ဖြစ်ပြီး အီဂျစ် ရုပ်သံတွေကလည်း ဒီဗွီဒီယိုဖိုင်က အရုပ်တချို့ကို အသုံးပြု သတင်းတင်ဆက်ခဲ့ပါတယ်။ အရင်နှစ်က လစ်ဗျားမှာ အိုင်အက်စ်တွေကို ဗုံးကြဲတိုက်ခိုက်မှုကို အီဂျစ်က ငြင်းဆိုထားပါတယ်။ [gallery ids="81869,81868,81870,81871"]

A d v e r t i s e m e n t With Us

More News
Up