A d v e r t i s e m e n t With Us

ရော်တာဒန် တင်းနစ် ချန်ပီယံဆု ၀ါရင်ကာ သိမ်းပိုက်

နယ်သာလန်နိုင်ငံမှာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်သွားတဲ့ ရော်တာဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ စတန် ၀ါရင်ကာက တောမတ်ဘာချီကို အနိုင်ယူပြီး ချန်ပီယံဆုကို သိမ်းပိုက် သွားပါတယ်။ ကမ္ဘာ့အဆင့် ၈ ဖြစ်တဲ့ ဆွစ်ဇာလန်သား ၀ါရင်ကာက အဆင့် ၇ လက်ရှိ ချန်ပီယ ချက်နိုင်ငံသား ဘာချီ နောက်ကနေ လိုက်ကစားပြီး အနိုင်ရသွားတာပါ။ ပထမပွဲမှာ ဘာချီ ၆ - ၄ နဲ့အနိုင်ရပြီး ၀ါရင်ကာက ဒုတိယပွဲမှာ ၆ - ၃၊ တတိယပွဲမှာ ၆ - ၄ နဲ့ အနိုင်ယူသွားတာပါ။ ရော်တာဒန် ချန်ပီယံဆုဟာ ၀ါရင်ကာအတွက် ဒီနှစ်ထဲမှာ ဒုတိယမြောက် ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ သြစတြေးလျ အိုးပန်း ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းထားပါတယ်။ [gallery ids="81853,81855,81856,81857,81858,81859"]

A d v e r t i s e m e n t With Us

More News
Up