A d v e r t i s e m e n t With Us

ယူကရိန်းတွင် တိုက်ခိုက်မှု ဆက်ဖြစ်

ယူကရိန်းနိုင်ငံ အစိုးရနှင့် သူပုန်တွေအကြား အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်  ၂ ဖက်တိုက်ခိုက်မှု အရှိန် လျော့ကျခဲ့ပေမယ့် လုံးဝ ရပ်ဆိုင်းမသွားသေးဘူးလို့ ၂ ဖက်တပ်ဖွဲ့တွေက ပြောပါတယ်။ လူဟန့်စ်နဲ့ ဒေါ့ညှက်မြို့ကြား အချက်အချာကျတဲ့ ဒီဘတ်ဆယ်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ အစိုးရနဲ့ သူပုန် ပြောခွင့်ရတွေက ပြောပါတယ်။ ဒါပေမယ့် အပစ်ရပ်စဲရေး စတင်တဲ့ ဖေဖော်ဝါရီ ၁၄ ရက် သန်းခေါင်ယံကစပြီး နေရာအများစုမှာ အပစ်ရပ်ခဲ့ကြပါတယ်။ အပစ်ရပ်သဘောတူညီမှုကတော့ ယူကရိန်း၊ ရုရှား၊ ဂျာမနီနဲ့ ပြင်သစ် ခေါင်းဆောင်တွေ ၁၆ နာရီကြာ အကြိတ်အနယ် ဆွေးနွေးပြီး သဘောတူညီမှု ရယူခဲ့ကြတာပါ။ ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကိုကတော့ ဒီတကြိမ် သဘောတူညီမှု ပျက်ရင် နောက်တကြိမ် အခွင့်အရေး မရှိတော့ဘူးလို့ ပြောဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားပေမယ့်  ဒီဘတ်ဆယ်မြို့ကိုတော့ လက်နက်အားနဲ့ ကျည်အား ဖြည့်တင်းထားတယ်လို့ သမ္မတက ပြောပါတယ်။ သူပုန်ခေါင်းဆောင်တွေကတော့ ဒီဘတ်ဆယ်မြို့ဟာ သူပုန်တွေရဲ့ ဒေသဖြစ်ပြီး အပစ်ရပ်စာချုပ်မှာ မပါဘူးလို့ ပြောပါတယ်။ အပစ်ရပ်စဲရေးသဘောတူညီမှု ပျက်ရင် ယူကရိန်းကို လက်နက်ထောက်ပံ့မယ်လို့ အမေရိကန် ပြည်ထောင်စုက သတိပေးခဲ့သလို ဖေဖော်ဝါရီ ၁၄ ရက်က ရုရှားတပ်တွေ ဒီဘတ်ဆယ်မြို့တ၀ိုက်မှာ တပ်စွဲနေတာ တွေ့ရှိထားတယ်လို့ ပြောဆိုပါတယ်။ အရင် စက်တင်ဘာလက ပထမအကြိမ် အပစ်ရပ်စဲရေး သဘောတူညီမှုက ပျက်ပြားခဲ့တဲ့ အတွက် ဒီတကြိမ်မှာလည်း လာမယ့် ၄၈ နာရီကို စောင့်ကြည့်ရမယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုနေတာပါ။ [gallery ids="81845,81846,81843,81844,81842,81841"]

A d v e r t i s e m e n t With Us

More News
Up