A d v e r t i s e m e n t With Us

တက်စ်ကို ဆူပါမားကတ် အလုပ်သမား သောင်းချီ ဖြုတ်မည်

နိုင်ငံတကာမှာ ဖွင့်လှစ်ထားတဲ့ ဗြိတိန်က တက်စ်ကို ဆူပါမားကတ်ဟာ အလုပ်နေရာ သောင်းကျော်ကို ဖြုတ်ချတော့မှာ ဖြစ်ပါတယ်။ တက်စ်ကိုက အလုပ်နေရာ ၂၀၀၀ကျော် ဖြုတ်မယ်လို့ အတည်ပြုထားပေမယ့် ကျဆင်းလာတဲ့ အမြတ်အစွန်းကြောင့် ၅ ဆလောက်ထပ်ဖြုတ်နိုင်တယ်လို့ အေအက်ဖ်ပီသတင်းက ရေးပါတယ်။ အလုပ်နေရာ  ၆ထောင်က ဌာနချုပ်မှာ ဖြုတ်မှာ ဖြစ်ပြီး ဆူပါမားကတ် ၄၃ ဆိုင်ကိုလည်း ပိတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ အရောင်းအ၀ယ်နဲ့ အကျိုးအမြတ် မရှိတာကို သက်သာအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ သတင်းတွေက ရပါတယ်။ အကျိုးအမြတ်မရှိတဲ့ ဆူပါမားကတ်တွေကို ပိတ်လိုက်တာ ဖြစ်သလို တချို့အဖိုးတန် ပစ္စည်းတွေကို ရောင်းချပြီး ရှယ်ယာတွေကိုလည်း ဖြတ်တောက် လျော့ချတာတွေ လုပ်ဆောင်နေပါတယ်။ စကော့တလန်နိုင်ငံမှာလည်း တက်စ်ကို စတိုး ၄ ဆိုင်လောက်ကို ပိတ်လိုက်တဲ့ အတွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဗြိတိန်မှာတော့ တက်စ်ကိုက အကြီးဆုံး ဆူပါမာကတ် တခု ဖြစ်သလို ၀န်ထမ်း ၃သိန်းကျော်ဟာ ဆူပါမားကတ် ၃၃၃၀မှာ လုပ်ကိုင်နေပါတယ်။ [gallery ids="81830,81831,81832,81833,81834,81835"]

A d v e r t i s e m e n t With Us

More News
Up