အာဆင်နယ် ဗီလာနှင့် ဘရက်ဖိုဒ့်တို့ အနိုင်ရသည့် အက်ဖ်အေဖလား
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေမှာ အာဆင်နယ် အက်စတွန်ဗီလာ ဘရက်ဖိုဒ့်တို့ အနိုင်ရသွားပါတယ်။
လက်ရှိချန်ပီယံ အာဆင်နယ်က အိမ်ကွင်းမှာ ချန်ပီယံရှစ်တန်းက မစ်ဒယ်ဘရော့ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
အက်စတွန်ဗီလာက လက်စတာ စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဗီလာ နည်းပြသစ် တင်ရှားဝှစ်ရဲ့ ပထမဆုံး နိုင်ပွဲလည်း ဖြစ်ပါတယ်။
အက်ဖ်အေဖလားမှာ ချဲလ်ဆီးအသင်းကို အနိုင်ယူသွားတဲ့ ဘရက်ဖိုဒ့်ကတော့ ဆန်းဒါးလင်း အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ကွားတာဖိုင်နယ် ပွဲစဉ်တွေကို ဒီကနေ့ တနင်္လာနေ့မှာ မဲခွဲ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
[gallery ids="81821,81822,81823,81824,81825,81826"]