A d v e r t i s e m e n t With Us

စုံထောက်ဖုန်း မှားဆက်သည့်အတွက် အဖမ်းခံရသော မူးယစ်ဆေးရောင်းသူ

အမေရိကန်ပြည်ထောင်စု အဘူကာကီ စုံထောက်တွေရဲ့ဖုန်းကို မှားဆက်မိလို့ ယစ်ဆေးဝါးရောင်းချတဲ့ အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက် ၃၀ အရွယ် ရေးနာ လူဆာရိုက စုံထောက်ဖုန်းကို မှားဆက်ပြီး မူးယစ်ဆေးဝါး ရောင်းချခဲ့တဲ့ အတွက် သူနဲ့အပေါင်းအပါ ၂ ဦးကို အရင်တပတ်က ဖမ်းဆီးခဲ့တယ်လို့ ကေအိုဘီ သတင်းမှာ ရေးပါတယ်။ ဖုန်းမှားဆက်မိမှန်းမသိတဲ့ လူဆာရိုက တစုံတရာ မလိုဘူးလားလို့ မေးခဲ့ပြီး ရဲတွေက ဘာရှိသလဲလို့ မေးတဲ့ အချိန်မှာ အဖြူနဲ့ အမဲဘာယူမလဲလို့ ပြန်မေးခဲ့တယ်လို့ဆိုပါတယ်။ ဒီနောက်မှာတော့ အဘူကာကီမြို့ ဆန်မက်တီရိုနဲ့ ဂစ်ဆန် လမ်းဆုံမှာ အချိန်းအဆက် ပြုလုပ်ခဲ့ပြီးတဲ့နောက် ဘရာစီယာအတွင်းက ဘိန်းဖြူတွေကို ထုတ်လာတဲ့ အချိန်မှာ ဖမ်းဆီးခဲ့ပါတယ်။ လူဆာရိုနဲ့ အတူလိုက်လာတဲ့သူ ၂ ဦးကိုလည်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အရင်က ရာဇ၀တ်မှုတွေကြောင့် လူဆာရိုကို စုံထောက်တွေက သိနေခဲ့ပေမယ့် လူဆာရိုက စုံထောက်တွေကိုဖုန်းဆက်လိုက်တာ မသိရှိဘူးလို့ဆိုပါတယ်။ မှောင်ခိုမှုနဲ့ လူဆာရိုကို စွဲဆိုထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။   [gallery ids="81792,81794,81793"]

A d v e r t i s e m e n t With Us

More News
Up