Home
မြန်မာသတင်း
ဒီမိုကရေစီပညာရေး ပင်မနှင့် ပဲခူး စစ်ကြောင်း ၂ ခု ပူးပေါင်းချီတက်
DVB
·
February 15, 2015
unnamed1
unnamed
taryarwaddy
11002586_432685933523129_5494846402402003313_n
10968502_432685886856467_6739923471251924849_n
10458047_432685876856468_6888156637775941359_n
မန္တ​လေးမြို့က​နေ ရန်​ကုန်​မြို့ကို ဦးတည်​ ချီတက်​လာခဲ့တဲ့ ဒီမိုက​ရေစီပညာ​ရေး ပင်​မ သပိတ်​စစ်​​ကြောင်းနဲ့ ပဲခူးစစ်​​ကြောင်းတို့ ပူးပေါင်း ချီတက်နေကြပါတယ်။ ဒီ​နေ့လယ် ၂ နာရီ အချိန်လောက်မှာ အုတ်​ဖိုမြို့နဲ့ ကြို့ပင်​​ကောက်​ နယ်​နိမိတ်​အဆက်​ ပန်းပဲကုန်း ​ကျေးရွာထိပ်​မှာ သပိတ်စစ်ကြောင်း ၂ ခု ပူးပေါင်းလိုက်ပြီး ဒီနေ့ည အုတ်ဖိုမြို့မှာ ညအိပ်ရပ်နားကြမှာ ဖြစ်ပါတယ်။ အမျိုးသားပညာ​ရေး ဥပ​ဒေကို ဆန့်​ကျင်​ကန့်​ကွက်​ သပိတ်​​မှောက်​​နေကြတဲ့ ဒီမိုက​ရေစီ ပညာ​ရေး သပိတ်​စစ်​​ကြောင်း​တွေကို ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း မဝင်​​ရောက်​နိုင်​ဖို့အတွက်​ လုံခြုံ​ရေး တပ်​ဖွဲ့ဝင်​​တွေဟာ ရန်​ကုန်​တိုင်း ​ဒေသကြီး နယ်​နိမိတ်​အစပ်​​တွေမှာ သံဆူးကြိုး​အကာအရံတွေ အသုံးပြုပြီး အင်​အားသုံး ပိတ်​ဆို့ ဟန့်​တားဖို့ အသင့်​ပြင်​​နေကြတယ်​လို့ မျက်​မြင်​သက်​​သေ​တွေက ဒီဗွီဘီကို အတည်​ပြု​ပြောဆိုပါတယ်​။ ပဲခူးစစ်​​ကြောင်းမှာ ​ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်​က ​ကျောင်းသူ ၁ ဦး​၊ ကျောင်းသား ၁၄ ဦး ပါဝင်​ပြီး အင်​အားသုံး ပိတ်​ဆို့ ဖယ်​ရှားဖို့ ပြင်​​ဆင်​နေတဲ့ အစိုးရကို ပင်​မ သပိတ်​စစ်​​ကြောင်းနဲ့ အတူတကွ ပူး​ပေါင်းရင်​ဆိုင်​ပြီး ရန်​ကုန်​အ​ရောက် ​ချီတက်​ဖို့ အခုလို ပူး​ပေါင်းလိုက်​တာလို့ ပဲခူးစစ်ကြောင်း (ဗကသ) နဲ့ ပါဝင်​လာတဲ့  ကျောင်းသား မျိုးကိုက ဒီဗွီဘီကို ​ပြောပါတယ်​။ ​ သပိတ်စစ်ကြောင်းတွေကို သာယာဝတီမြို့မှာ ပြည်သူတချို့နဲ့ စွမ်းအားရှင်​​တွေက တားဆီးသွားမယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်​။ အဲဒီအတားအဆီး​တွေကို သပိတ်​​မှောက်​ ​ကျောင်းသား​တွေက ​ကျော်​ဖြတ်​နိုင်​ခဲ့မယ်​ ဆိုရင်​​ လုံခြုံ​ရေး လက်​နက်​ကိရိယာ​တွေ ကိုင်​​ဆောင်​ထားတဲ့ ရဲတပ်​ဖွဲ့ဝင်​​တွေနဲ့ ထိပ်​တိုက်​ရင်​ဆိုင်​ရနိုင်​တယ်​လို့ သာယာဝတီမြို့ခံ​တွေက ဒီဗွီဘီကို ​ပြောဆိုခဲ့ပါတယ်​။ [gallery ids="81784,81785,81786,81787,81788,81789"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024