ကိုပင်ဟေဂင် သေနတ်သမားကို အသေပစ်ခတ်

1K
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်မှာ တိုက်ခိုက်မှု ၂ ခု လုပ်ဆောင်ခဲ့တဲ့ သေနတ်သမားကို ရဲတွေက ပစ်သတ်လိုက်ပါတယ်။
ဇန်န၀ါရီ ၁၄-၁၅ ရက်မှာ အစ္စလာမ်ဘာသာနဲ့လွတ်လပ်စွာပြောဆိုခွင့် အပြန်အလှန်ဆွေးနွေးပွဲနဲ့ ဂျူးဘုရားကျောင်းမှာ မျက်နှာဖုံးစွပ် သေနတ်သမားတဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၂ ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နော်ရီဘိုခရိုင်ဘူတာရုံမှာ ရဲတွေကို ပြန်လည် ပစ်ခတ်ခဲ့တဲ့ အတွက် အသေပစ်သတ်လိုက်တာဖြစ်သလို တခြားတစုံ တဦးပါဝင်ပတ်သက်တဲ့ အထောက်အထားမရှိဘူးလို့ ရဲတပ်ဖွဲ့ကိုကိုးကားပြီး အေပီ သတင်းက ရေးပါတယ်။
ပစ်ခတ်မှု ၂ ခုစလုံးအတွက် လက်သည်ဟာ ၁ ယောက်တည်း ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် မြို့တော်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။
[gallery ids="81777,81774,81775,81776,81778,81779,81780"]