ကမ္ဘာ့ အမြန်ဆုံး အပြေးသမား အနားယူတော့မည်
လန်ဒန်မှာ ကျင်းပမယ့် ၂၀၁၇ ခုနှစ် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲပြီး ပြေးခုန်ပစ်ကနေ အနားယူမယ်လို့ ဂျမေကာနိုင်ငံသား ကမ္ဘာ့ အမြန်ဆုံး အပြေးသမား အူစိန်ဘော့က ပြောဆိုလိုက်ပါတယ်။
၂၀၁၇ ခုနှစ် လန်ဒန်ပြိုင်ပွဲမှာတော့ မီတာ ၁၀၀ကို အာရုံစိုက်ထားတယ်လို့ အိုလံပစ် ရွှေတံဆိပ် ၆ ဆုရှင် ဘော့က ဗြိတိန် ဒေးလီးမေးလ်သတင်းကို ပြောပါတယ်။
အစောပိုင်းက ၂၀၁၆ ဘရာဇီးလ်ပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံးပြိုင်ပွဲ ဖြစ်မယ်လို့ အစောပိုင်းမှာ ဘော့က ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းသူရဲ့ စိတ်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
“ဘရာဇီးလ်ပြိုင်ပွဲအပြီး အနားယူဖို့က ကနဦးအစီအစဉ်ဖြစ်ပေမယ့် ကျနော့် စပေါင်စာ ပေးတဲ့သူက နောက်တနှစ်ထပ်ပြိုင်ခိုင်းပါတယ်၊ ဒါပေမယ့် ကျနော် မီတာ ၁၀၀မှာပဲဝင်ပြိုင်သွားမယ်ဆိုတာ ကျနော့်နည်းပြနဲ့ ဆွေးနွေးပြီး ဖြစ်ပါတယ်”လို့ ဘော့က ပြောပါတယ်။
လက်ရှိမှာတော့ သြဂုတ် ၂၂-၂၃ တရုတ်နိုင်ငံ ဘီဂျင်းမှာ ကျင်းပမယ့်ပြိုင်ပွဲကို အာရုံစိုက်နေသလို ၂၀၀၉ ခုနှစ် ဘာလင်မှာ သူတင်ထားတဲ့ မီတာ ၁၀၀ စံချိန် ၉.၅၈ စက္ကန့်ကို ချိုးဖို့ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။
[gallery ids="81767,81768,81769,81770,81771"]