A d v e r t i s e m e n t With Us

တင်ရှားဝုဒ်ကို အက်စတွန်ဗီလာအသင်း နည်းပြအဖြစ် ခန့်အပ်

ပရီးမီးယားလိဂ်မှာ ရလဒ်တွေ မကောင်းလို့ ရုန်းကန်နေရတဲ့ အက်စတွန်ဗီလာအသင်းဟာ နည်းပြသစ်အဖြစ် တင် ရှားဝုဒ်ကို ခန့်အပ်လိုက်ပါတယ်။ Tim-Sherwoodဗီလာအသင်းဟာ နည်းပြဟောင်း လမ်းဘတ်ရဲ့ နေရာမှာ စပါးစ် နည်းပြဟောင်း ရှားဝုဒ်ကို ၃ နှစ်စာချုပ်နဲ့ အစားထိုးလိုက်တာ ဖြစ်ပါတယ်။ လောလောဆယ်မှာ ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ၂၅ ပွဲမှာ ၁၂ ဂိုးပဲ သွင်းနိုင်သေးပြီး တန်းဆင်းဇုန်ထဲက အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။ အက်စတွန်ဗီလာ နည်းပြသစ် တင်ရှားဝုဒ်ဟာ လက်ဆက်စတာ စီးတီးအသင်းနဲ့  ဒီကနေ့ယှဉ်ပြိုင်မယ့် အက်ဖ်အေဖလား ပဉ္စမဆင့်ပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up