A d v e r t i s e m e n t With Us

မြန်မာအပါအ၀င် ပုပ်ရဟန်းမင်းအမတ် အပါး ၂၀ သိက္ခာတင်အခမ်းအနား ပြုလုပ်

ပုပ်ရဟန်းမင်းကြီး Francis က ကာဒီနယ်လ် (Cardinals) ရဟန်းမင်းအမတ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့တဲ့ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးက ဂိုဏ်းချုပ်ဆရာတော် အပါး ၂၀ ရဲ့ သိက္ခာတော်တင်အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပုဒ်ရဟန်းမင်းကြီး ရွေးချယ်တဲ့ ရဟန်းမင်းအမတ်တွေ အထဲမှာ မြန်မာနိုင်ငံက ဂိုဏ်းချုပ် ဆရာတော် ချားလ်စ်မောင်ဘိုလည်း ပါဝင်ပြီး အခမ်းအနားကို ရောမမြို့က ဗာတီကန်နန်းတော် စိန့်ပီတာဘုရားကျောင်းမှာ ကျင်းပခဲ့ပါတယ်။ ဆရာတော် ချားလ်စ်မောင်ဘိုက “နှစ်ပေါင်း ၄၀ - ၅၀ ကျော်ကြာ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြန်မာနိုင်ငံဟာ အခုတော့ ဒီမိုကရေစီနိုင်ငံကို ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် သေချာတာတခုက လွတ်လမျှတတ်တဲ့ ဒီမိုကရေစီဟာ ဖြတ်လမ်းမရှိပါဘူး၊  အစိုးရနဲ့ လူထုအားလုံးအပါအဝင် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို တဖြည်းဖြည်းပြောင်းလဲဖို့၊ အထူးသဖြင့် လူထုတွေရဲ့အချင်းချင်းအကြား၊ မတူခြားနားနေတဲ့ တိုင်းရင်းသားတွေအကြားမှာ ပြန်လည်သင့်မြတ်ရေးဟာ အလိုအပ်ဆုံးအချက်ဖြစ်ပါတယ်။ ဒါပြီးမှ ငြိမ်းချမ်းရေးတွေ ရရှိလာမှာဖြစ်သလို စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း ရရှိလာမယ်” လို့ မိန့်ကြားပါတယ်။ ရဟန်းမင်းအမတ်အဖြစ် ရွေးချယ်ခံထားရတဲ့ ချားလ်းစ်မောင်ဘိုဟာ အသက် ၆၆ နှစ်အရွယ်ရှိပြီး မြန်မာနိုင်ငံကနေ ပထမဆုံး ရွေးချယ်ခံရတဲ့ ကာဒီနယ် ဂိုဏ်းချုပ်လည်း ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ရန်ကုန် ဂိုဏ်းချုပ် တာဝန်ယူကို ယူထားပါတယ်။ ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်မောင်ဘိုအပါအဝင် ဆရာတော်ကြီး ၁၅ ပါးဟာ ပုပ်ရဟန်းမင်းကြီးသစ်ကို ဆက်ခံခွင့်ရှိသူ သက်တော် ၈၀ အောက် ဂိုဏ်းချုပ်ဆရာတော်ကြီးတွေ ဖြစ်ကြပါတယ်။ အခု ရဟန်းမင်းအမတ်အဖြစ် ရွေးချယ်ခံထားရတဲ့ နိုင်ငံတွေအထဲမှာ မြန်မာ၊ ထိုင်း၊ ဗီယမ်နမ်၊ အီသီယိုးပီးယား၊ အီတာလီ၊ ပြင်သစ်၊ နာယူးဇီလန် စတဲ့ ၁၄ နိုင်ငံက ပါဝင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ရွေးချယ်တာဟာ ပထမဆုံး အကြိမ်လည်းဖြစ်ပါတယ်။ ဒါဟာ ခရစ်ယာန်သာသနာတော်ကို ကမ္ဘာ့ဒေသတိုင်းမှာ ဖြန့်ကျက်တာဖြစ်ပြီး ကမ္ဘာသူကမ္ဘာသားတွေနဲ့ ပိုမိုနီးကပ်ဖို့ ရည်ရွယ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ ဒါကြောင့် ဂိုဏ်းချုပ်ဆရာတော်ကြီးတွေအနေနဲ့ ဂုဏ်ပကာသနတွေ အခွင့်အာဏာတွေအတွက် မဖြစ်ရဘဲ သာမန်ဆင်းရဲသူတွေအကျိုးကို နှိမ့်ချသယ်ပိုးကြရမယ်လို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပါတယ်။ [gallery ids="81720,81721,81722,81723,81724,81725"]

A d v e r t i s e m e n t With Us

More News
Up