A d v e r t i s e m e n t With Us

ဒိန်းမတ် ဘာသာရေးဆွေးနွေးပွဲတခုကို မျက်နှာဖုံးစွပ် သေနတ်သမား ၀င်ပစ်

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် (Copenhagen) မြို့တော်မှာ အစ္စလာမ်ဘာသာနဲ့လွတ်လပ်စွာပြောဆိုခွင့် အပြန်အလှန်ဆွေးနွေးပွဲတခုကို မျက်နှာဖုံးစွပ် သေနတ်သမားတဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ဆွီဒင်ကာတွန်းဆရာ လာစ်ဗစ်စ် (Lars Vilks) တက်ရောက်နေတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ အစ္စလာမ်ဘာသာနဲ့လွတ်လပ်စွာပြောဆိုခွင့် ကော်ဖီဆိုင်ဆွေးနွေးခန်းကို မျက်နှာဖုံးခေါင်းစွပ်ဝတ် သေနတ်သမားတဦးက ပစ်ခတ်ခဲ့တာဖြစ်ပြီး  ၁ ဦး သေဆုံးခဲ့ပါတယ်။ ကာတွန်းဆရာ လာစ်ဗစ်စ်ဟာ တမန်တော်မိုဟာမက်ကာတွန်းပုံတွေ ရေးဆွဲမှုအတွက် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရသူလည်းဖြစ်ပါတယ်။ 606x340_299394အဲ့ဒီကော်ဖီဆိုင်ပစ်ခတ်မှုကတော့ အကြမ်းဖက်မှုနဲ့ နိုင်ငံရေးအကြောင်းခံပါတယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ် က ပြောဆိုထားတာပါ။ ဒါ့အပြင် ကိုပင်ဟေဂင်မြို့ ဂျူုးဘုရားကျောင်းအနားမှာလည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မြို့ခံ ၁ ဦး သေဆုံးခဲ့ပါတယ်။ [caption id="attachment_81708" align="aligncenter" width="460"]သေနတ်သမား သေနတ်သမား[/caption] ပစ်ခတ်မှု ၂ မှု တခုနဲ့တခု ပတ်သက်မှုရှိ၊ မရှိ ရဲက စုံစမ်းဆဲဖြစ်ပြီး ပစ်ခတ်မှု ၂ ခုလုံးက သေနတ်သမားကို ရဲက အပူတပြင်းရှာဖွေနေဆဲဖြစ်ပါတယ်။ ကိုပင်ဟေဂင်မြို့လယ်မှာ လုံခြုံမှုမရှိသေးလို့ မြို့ခံတွေ မသွားရောက်ကြသေးဖို့လည်း ရဲက သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up