ဘန်ကောက် အာဏာသိမ်းဆန့်ကျင် ဆန္ဒပြမှု လူ ၃ ဦး ထိန်းသိမ်း

680
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် လူ ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ဆာရာဝှစ် ဆီရီဝပ် အပါအ၀င် ရှပ်နီလှုပ်ရှားမှုနဲ့ ဆက်နွှယ်သူတွေကို ပသုဝမ် ရဲစခန်း ခေါ်ဆောင်သွားခဲ့တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ်သတင်းက ရေးပါတယ်။
အသံချဲ့စက်ကို ခွင့်ပြုချက်မယူဘဲ အသုံးပြုတဲ့အတွက် ဆာရာဝှစ်ကို တရားစွဲဆိုထားသလို တခြားသူတွေကိုတော့ အကျင့်စာရိတ္တထိန်းသိမ်းဖို့ ခေါ်ဆောင်သွားပါတယ်။
အခိုးခံရတဲ့ ရွေးကောက်ပွဲဆိုတဲ့ ဆန္ဒပြမှုကို ဒါဇင်နဲ့ချီတဲ့လူတွေက ပါဝင်ခဲ့တာ ဖြစ်ပြီး ဆန္ဒပြသူတွေက ချစ်သူများနေ့ အစီအစဉ်အဖြစ် အင်တာနက် လူမှုရေး ကွန်ယက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။
ဘန်ကောက် အနုပညာနဲ့ ယဉ်ကျေးမှု စင်တာမှာ လုံခြုံရေးတင်းကြပ်ထားပေမယ့် တက်ကြွလှုပ်ရှားသူတွေက စုရုံးခဲ့ပြီး စစ်ဥပဒေကို ဆန့်ကျင်ခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။
ဒီနေရာကို ဆန္ဒပြဖို့ လာရောက်တာဖြစ်ပြီး ဒီမိုကရေစီကို ပြန်လိုချင်တယ်လို့ ဆန္ဒပြသူတဦးကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။
နှင်းဆီပန်းနဲ့ ဂျော့အိုဝဲလ်ရဲ့ အာဏာရှင်ဆန့်ကျင်ရေး ၀တ္ထု စာအုပ် “၁၉၈၄”ကို ဆန္ဒပြသူတွေက ဖြန့်ဝေခဲ့ပါတယ်။
[gallery ids="81745,81743,81744,81746"]