ဝက်စ်ဟမ်းကို အနိုင်ယူပြီး လီဗာပူးအသင်း ကွာတားဖိုင်နယ်တက်

1K
စနေနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ လီဗာပူး အသင်းဟာ ၀က်စ်ဟမ်းကို အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
လီဗာပူးက အဝေးကွင်းမှာ ခရစ်စတယ်ပဲလေ့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ခရစ်စတယ် ပဲလေ့စ်အတွက် ဦးဆောင်ဂိုးကို လီဗာပူး နောက်တန်းရဲ့ အမှားကနေ ကမ်းဘဲက သွင်းယူပါတယ်။
ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုကို တဖက်သတ် အသာစီးယူ ကစားနိုင်ပြီး ချေပဂိုးကို တိုက်စစ်မှူး စတောရစ်က သွင်းယူပါတယ်။
ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရတဲ့ လီဗာပူးအတွက် ဒုတိယ အနိုင်ဂိုးကို ဘာလိုတယ်လီရဲ့ ဖရီးကစ်ကနေတဆင့် လာလာနာက သွင်းယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
လီဗာပူးဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ ၇ ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ မဲခွဲ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - thisisanfield.com
[gallery ids="81664,81665,81666"]