A d v e r t i s e m e n t With Us

အစိုးရနှင့်နှင့်အန်စီစီတီ ဆွေးနွေးပွဲ သတ်မှတ်ရက် မလုပ်နိုင်တော့

ပြီးခဲ့တဲ့ဒီဇင်ဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ယူပီဒဗလျူစီနဲ့ အန်စီစီတီ လုပ်ငန်းညှိနှိုင်းအကြို ဆွေးနွေးပွဲ ပြုလုပ်စဉ်က (ဓာတ်ပုံ - Nyo Ohn Myint)
ပြည်ထောင်စုနေ့အပြီး တပတ်အတွင်းတွေ့ဆုံဖို့ရှိတဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ ဆွေးနွေးပွဲ သတ်မှတ်ရက်အတွင်း လုပ်ဖို့မဖြစ်နိုင်တော့ဘူးလို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြောပါတယ်။ [caption id="attachment_81632" align="aligncenter" width="653"]ပြီးခဲ့တဲ့ဒီဇင်ဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ယူပီဒဗလျူစီနဲ့ အန်စီစီတီ လုပ်ငန်းညှိနှိုင်းအကြို ဆွေးနွေးပွဲ ပြုလုပ်စဉ်က (ဓာတ်ပုံ - Nyo Ohn Myint) ပြီးခဲ့တဲ့ဒီဇင်ဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ယူပီဒဗလျူစီနဲ့ အန်စီစီတီ လုပ်ငန်းညှိနှိုင်းအကြို ဆွေးနွေးပွဲ ပြုလုပ်စဉ်က (ဓာတ်ပုံ - Nyo Ohn Myint)[/caption] ဖေဖော်ဝါရီ ၅ ရက်က ချင်းမိုင်မှာ နှစ်ဘက်တွေ့ဆုံခဲ့တုန်းက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ရပ်ထားရတဲ့ နှစ်ဘက် ဆွေးနွေးပွဲတွေကို ပြည်ထောင်စုနေ့အပြီး တပတ်အတွင်း ရန်ကုန်မှာ ပြန်စတင်ကျင်းပကြမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက အန်စီစီတီအဖွဲ့စည်းဝေး ရှိနေတာကြောင့် ဒီလ ၂၀ ရက်လောက်မှ နှစ်ဘက်တွေ့ဆုံဖြစ်ကြမယ်လို့ ပြောပါတယ်။ “အန်စီစီတီစည်းဝေးခေါ်မယ်လို့ ကြားပါတယ်။ အန်စီစီတီစည်းဝေးပွဲကို ယူပီဒဗလျုစီရဲ့ အလုပ်အဖွဲ့သွားရောက်ပြီး ရှင်းပြဖို့ မလိုအပ်ဘူးဆိုရင်တော့ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဆွေးနွေးပွဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။ တကယ်လို့ သွားရောက်ရှင်းပြရမယ်ဆိုရင် ဒီလထဲ ရက် ၂၀ ၀န်းကျင်လောက် ဖြစ်မယ်လို့ ထင်ပါတယ်။” ယူပီဒဗလျုစီနဲ့ အန်စီစီတီတို့ရဲ့ နောက်ဆုံး ၆ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲ ရန်ကုန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက်ဆွေးနွေးပွဲကို အခု ဖေဖော်ဝါရီလရောက်တဲ့ထိ ပြန်လည်မကျင်းပနိုင် ဖြစ်နေတာပါ။ နှစ်ဘက်စလုံးက အပစ်ရပ်ဆွေးနွေးရမယ့်အချက်တွေ သိပ်မကျန်တော့ဘူးလို့ ထုတ်ဖော်ပြောဆိုထားကြပေမယ့် ၅ လလောက်ကြာမြင့်လာချိန်အထိ နှစ်ဘက်တွေ့ဆုံဖို့ ရက်သတ်မှတ်နိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up