A d v e r t i s e m e n t With Us

နှစ်ပေါင်း ၅၀၀၀ ကျော်ကြာ ဖက်လျက်စုံတွဲရုပ်ကြွင်း ဂရိနိုင်ငံတွင် တွေ့ရှိ

ဂရိနိုင်ငံမြို့တော် အေသင်ရဲ့ တောင်ဘက် ကီလို ၃၀၀ အကွာက ဒေသမှာ ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ နှစ် ၅၀၀၀ ကျော် သက်တမ်းရှိတဲ့ စုံတွဲတတွဲ တယောက်ကိုတယောက် ဖက်လျက် မြှုပ်နှံထားတဲ့ ရုပ်ကြွင်းကို ရှာတွေ့ခဲ့တယ်လို့ ဂရိယဉ်ကျေးမှုဝန်ကြီးဌာနက ဖော်ဝါရီ ၁၃ ရက်နေ့က ကြေညာပါတယ်။ ဒါဟာ ရှားပါးပြီး သိသာထင်ရှားတဲ့ အရေးပါတဲ့ ရှေးဟောင်းသုတေသန တွေ့ရှိချက်လည်း ဖြစ်ပါတယ်။ ဒါမျိုး အင်မတန် ရှားတယ်လို့ ဝန်ကြီးဌာနကြေညာချက်က ပြောပါတယ်။ အရိုးတွေကို မျိုးဗီဇ (ဒီအန်အေ) စစ်ဆေးမှု လုပ်ရာမှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ရဲ့ အရိုးတွေဆိုတာ သက်သေပြုထားပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၈၀၀ နီယိုလစ်သစ် ကျောက်ခေတ်နှောင်းပိုင်းက အရိုးတွေ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တွေကပြောပါတယ်။ ကလေးတယောက်ရဲ့ အရိုးတွေထည့်ထားတဲ့ နီယိုလစ်သစ် ကျောက်ခေတ်နှောင်းပိုင်းက ကြွေအိုး တလုံးကိုလည်း ဂရိနဲ့ နိုင်ငံခြားသား ရှေးဟောင်း သုတေသန ပညာရှင်တွေရဲ့ တူးဖော်မှုအတွင်း ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအရိုးတွေကို ဒါဇင်နဲ့ချီတဲ့ တခြားလူတွေရဲ့ အရိုးတွေကို မြှုပ်နှံရာ အလဲပိုထရီပါ ဂူနားမှာ တွေ့ခဲ့လို့ ဂူဝန်းကျင်ဟာ လူသေတွေအတွက် နှစ်ထောင်ချီ သုံးခဲ့ပုံရတယ်လို့ ရှေးဟောင်းပညာရှင်တွေက ယုံကြည်ခဲ့ကြပါတယ်။ တူးဖော်မှုတွေအတွင်း ဂရိ ကြေးခေတ်နှောင်းပိုင်း မိုင်စေနီးယန်းခေတ်က အနုပညာလက်ရာတွေ ဖြစ်တဲ့ အိုးတွေ ပုတီးစေ့တွေနဲ့ ဓားတချောင်းကိုလည်း တွေ့ခဲ့ကြပါတယ်။ ဓာတ်ပုံ - www.euronews.com [gallery ids="81619,81620,81622"]

A d v e r t i s e m e n t With Us

More News
Up