နောက်ခံလူသစ် ပေါ်လစ္စတာ အင်္ဂလိပ်စကားညံ့ဖျင်းမှု ပြဿ နာဟု ၀င်းဂါးပြော

1K
အင်္ဂလန် ပရီးမီးယားလိဂ် အာဆင်နယ်အသင်းက ပေါင် ၁၁ သန်းနဲ့ ခေါ်ယူထားတဲ့ ဂါးဘီးယား ပေါ်လစ္စတာ အင်္ဂလိပ်က အလွန်ဆိုးသလို ညံ့ဖျင်းတယ်လို့ နည်းပြ အာဆင်ဝင်းဂါးက ပြောပါတယ်။
အသက် ၂၄ နှစ် အလယ်နောက်ခံ ကစားသမားဟာ စပိန် လာလီဂါ ဗီလာရီးရဲလ်ကနေ ရောက်ရှိလာတာ ဖြစ်ပါတယ်။
“ဘယ်၊ ညာ၊ ရှေ့တက်၊ နောက်ဆုတ်စတဲ့ အင်္ဂလိပ်စကားကို မပြောတတ် နားမလည်ရင် နောက်တန်းအတွက် ပြဿနာပါ၊ ဒိုင်၊ လူကျွံဘော၊ ပြစ်ဒဏ်ဘောစတဲ့ အဓိကစကာလုံးတွေကို သိဖို့လိုပါတယ်” ၀င်းဂါးက ပြောပါတယ်။
ဂါးဘီးယားရဲ့ ဆက်သွယ်ပြောဆိုရေး အခက်အခဲကို စာနာသလို ဒီလိုနားမလည်တာဟာလည်း ကောင်းကျိုးရှိတယ်လို့ ၀င်းဂါးကပြောပါတယ်။
မက်ဒယ်ဘရော့နဲ့ ကစားမယ့်ပွဲမှာ အဓိကနောက်ခံလူ နားရမှာ ဖြစ်တဲ့အတွက် ဂါးဘီးယားက ဒီနေရာမှာ ပထမဆုံး ပါဝင်ကစားရဖို့ ရှိနေပါတယ်။