မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဟောင်ကောင် အက်ရှင် ရုပ်ရှင်မင်းသား ဂျက်ကီချန်းရဲ့သား ဂျေစီချန်း ဖေဖော်ဝါရီ ၁၃ ရက်မှာ ထောင်က လွတ်လာပြီဖြစ်ပါတယ်။
[caption id="attachment_81608" align="aligncenter" width="624"]

ဂျေစီချန်း[/caption]
သူရဲ့ အခန်းမှာ ဆေးခြောက်သုံးစွဲဖို့ ခွင့်ပြုခဲ့တဲ့ အတွက် ဇန်န၀ါရီလ အစောပိုင်းက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဂျေစီချန်း ဖျော်ဖြေရေး ကုမ္ပဏီ ထုတ်ပြန်ချက်မှာ အသက် ၃၂ နှစ် ရုပ်ရှင်မင်းသားနဲ့ အဆိုတော်က ဒေါင်ချန်ထောင်ကနေ ဖေဖော်ဝါရီ ၁၂ ရက် သန်းခေါင်ကျော်မှာ ထွက်ခွာသွားခဲ့တယ်လို့ အေပီသတင်းမှာ ရေးပါတယ်။
သတင်းထောက်တွေက သူရဲကားနောက်ကို လိုက်ပြီး လမ်းတံတား ကောက်တဲ့နေရာမှာ ၀ိုင်းထားတဲ့ ဓာတ်ပုံတွေ ပျံ့နှံ့ခဲ့ပါတယ်။
ဂျေစီချန်းက တောင်းပန်ရှင်းပြဖို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ဆိုပါတယ်။
၂၀၁၄ သြဂုတ်လမှာ ဂျေစီချန်းကို ထိုင်ဝမ် ရုပ်ရှင်မင်းသားတဦးနဲ့ အတူ သူ့ရဲ့ တိုက်ခန်းမှာ ဆေးခြောက်သုံးစွဲထားတာကို စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် ပီကင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာပါ။ ဒီနောက် ဇန်န၀ါရီ အစောပိုင်းမှာ ပီကင်းတရားရုံးက ဂျေစီချန်းကို ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။