A d v e r t i s e m e n t With Us

ခွင့်မရရင် ခေါက်ဆွဲတပွဲတောင် ယင်လပ် စားခွင့်မရှိဟု ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ကို မျက်ခြေမပြတ်စောင့်ကြည့်နေသလို ခွင့်ပြုချက်မရရင် ခေါက်ဆွဲတပွဲတောင် စားလို့မရကြောင်း လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောပါတယ်။ Prayuth Chan-ocha&yingluckဒီတပတ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်ကို သွားရောက်ခဲ့တဲ့ ယင်လပ်ရဲ့ ယာဉ်တန်းကို စစ်သားတွေက ရှာဖွေတာဟာ ရှုပ်ရှုပ်ထွေးထွေးကာလမှာ လုံခြုံရေးအထောက်အပံ့ပေးတာ ဖြစ်တယ်လို့ ပြောတဲ့အကြောင်း အေအက်ဖ်ပီ သတင်းက ရေးပါတယ်။ “တကယ်လို့ သူက ခေါက်ဆွဲစားချင်တယ်ဆိုရင် သွားလို့ရပါတယ်။ တကယ်လို့ ကျနော်တို့ တားမြစ်ခဲ့ရင်တော့ သူသွားလို့မရပါဘူး” လို့ ပရာယွတ်က ပြောပါတယ်။ အဲဒီနေ့မှာ မြို့ထဲမှာ ခေါက်ဆွဲစားနေတဲ့ပုံတွေ ယင်လပ်က အရိုက်ခံခဲ့ပါတယ်။ ပရာယွတ်ဟာ ၀န်ကြီးချုပ် အဖြစ် တာဝန်ယူပြီးတဲ့နောက် သူ့ရဲ့ မှတ်ချက်တချို့ကြောင့် နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ ဆန်နဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ လုပ်ဆောင်ချက်ကြောင့် ယင်လပ်ဟာ ရာဇ၀တ်မှုနဲ့ စွဲဆိုခံနေရသလို နိုင်ငံရပ်ခြားကို သွားရောက်ဖို့လည်း တားမြစ်ခံထားရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up