A d v e r t i s e m e n t With Us

ကမ္ဘာတ၀န်းက ချစ်သူများနေ့ ရိုးရာ

ဓာတ်ပုံ (ရိုက်တာ)
ခရစ်ယာန် ဘာသာနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ချစ်သူများနေ့ဟာ အနောက်နိုင်ငံတွေမှာ လူသိများ ရေပန်းစား ခဲ့ပါတယ်။ ဒီချစ်သူများနေ့ ယဉ်ကျေးမှု ကူးစက်ခြင်းကို ခံရတဲ့ နိုင်ငံတွေက ဒီနေ့ကို သူတို့ရဲ့ ရိုးရာ ဓလေ့တွေနဲ့ ပေါင်းစပ်ထည့်သွင်း ကျင်းပကြပါတယ်။ ကမ္ဘာတ၀န်းက ချစ်သူများနေ့ ကျင်းပရာမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ နိုင်ငံတွေရဲ့ ကျင်းပပုံတွေကို အင်တာနေရှင်နယ်တိုင်မ်း ကနေ ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်။ ဂျပန်နိုင်ငံ [caption id="attachment_81628" align="alignright" width="300"]ဓာတ်ပုံ (အေအက်ဖ်ပီ) ဓာတ်ပုံ (အေအက်ဖ်ပီ)[/caption] ချစ်သူများနေ့မှာ အမျိုးသမီးက အမျိုးသားတွေကို ချောကလက် ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ ဇန်န၀ါရီလလယ်လောက်ကစပြီး စတိုးဆိုင်တွေမှာ ချောကလက်တွေ ရောင်းချ နေပေမယ့် အမျိုးသမီး အများစုက လက်ဆောင် ပေးမယ့် ချောကလက်တွေကို ကိုယ်တိုင် ပြုလုပ်ကြပါတယ်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံတ၀န်း ချိုချဉ်နဲ့ မုန့်လုပ်ရောင်းတဲ့ သူတွေက မတ် ၁၄ ရက်မှာ အမျိုးသားတွေက အဖြူရောင်ချောကလက်တွေကို ပြန်ပေးဖို့ လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာ အောင်မြင်သွားသလို မတ် ၁၄ ရက်ကို အဖြူရောင်နေ့ အဖြစ် လူသိများလာပါတယ်။ ဂါနာ [caption id="attachment_81630" align="alignleft" width="327"]ဓာတ်ပုံ (အေအက်ဖ်ပီ) ဓာတ်ပုံ (အေအက်ဖ်ပီ)[/caption]   ဂါနာက ကမ္ဘာတ၀န်းက နိုင်ငံတွေလို ချစ်သူများနေ့ကို လက်ခံခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာတော့ ဖေဖော်ဝါရီ ၁၄ ရက်ကို နိုင်ငံလုံးဆိုင်ရာ ချောကလက်နေ့ အဖြစ် ဂါနာမှာ လူသိများလာခဲ့ပါတယ်။       ဖိလစ်ပိုင် [caption id="attachment_81631" align="alignright" width="300"]ဓာတ်ပုံ (ရိုက်တာ) ဓာတ်ပုံ (ရိုက်တာ)[/caption] ဖိလစ်ပိုင်မှာ ချစ်သူများနေ့ရောက်ရင်တော့ စုပြီး မင်္ဂလာဆောင်လေ့ရှိတဲ့ ဓလေ့က အရမ်းကို လူသိများလာပါတယ်။ ရာနဲ့ချီတဲ့ စုံတွဲတွေက ဒီနေ့မှာ စုရုံးပြီး မင်္ဂလာဆောင်လေ့ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာ စုံတွဲ ၄ ထောင်ကျော်လောက် မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။   ဂွာတီမာလာ   Elderly women dance during the Old Loveဂွာတီမှာလာမှာတော့ ချစ်သူများနေ့မှာ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ချစ်ခြင်း မေတ္တာ ကလည်း ချစ်သူတွေလို တန်ဖိုးထား လုပ်ဆောင်ကြပါတယ်။ ဂွာတီမာလာမြို့တော် လမ်းမပေါ်မှာ အရောင်စုံ ၀တ်ထားတဲ့ ပါဝင်ဆင်နွဲသူတွေက မာယာခေတ် ၀တ်စုံတွေ မျက်နှာဖုံးတွေနဲ့ စီတန်းလှည့်လည်ကျပါတယ်။     တောင်အာဖရိက တောင်အာဖရိက လူငယ်တွေက ချစ်သူများနေ့မှာ ချစ်သူတွေရဲ့ နာမည်တွေကို အင်္ကျီလက် တွေမှာ ချိတ်ဆွဲထားပါတယ်။ အက်စ်တိုးနီးယား အက်စ်တိုးနီးယားမှာတော့ ရည်းစားမရှိတဲ့သူတွေကိုပါ ချန်လှပ်ထားခြင်း မရှိအောင် ချစ်သူများနေ့ကို သူငယ်ချင်းများနေ့လို့ ခေါ်ပါတယ်။ လမ်းတွေကို အသည်းနှလုံးပုံတွေနဲ့ ချစ်သူများနဲ့ သင်္ကေတတွေနဲ့ အလှဆင်သလို မိသားစုဝင်နဲ့ သူငယ်ချင်းတွေ အချင်းချင်း လက်ဆောင်တွေလဲလှယ်ကြပါတယ်။ ရည်စားမရှိသူတွေကတော့ အချစ်ဘတ်စ်စကားပေါ်မှာ တက်စီးပြီး ချစ်သူရှာဖွေနိုင်တဲ့ အခွင့်အရေးလည်း ရရှိမှာ ဖြစ်ပါတယ်။   ဆော်ဒီအာရေဗီးယား [caption id="attachment_81634" align="alignright" width="306"]ချစ်သူများနေ့ ကျင်းပလို့ ကြိမ်ဒဏ် အပြစ်ပေးခံရသူတဦး(ဓာတ်ပုံ ရိုက်တာ) ချစ်သူများနေ့ ကျင်းပလို့ ကြိမ်ဒဏ် အပြစ်ပေးခံရသူတဦး(ဓာတ်ပုံ ရိုက်တာ)[/caption] ဒီနိုင်ငံမှာတော့ ချစ်သူများနေ့ကို တရားမ၀င်လို့ သတ်မှတ် ထားပြီး လူသိရှင်ကြားကျင်းပမယ် ဆိုရင်တော့ အဖမ်းဆီးခံရနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up