အီရတ် လေတပ်စခန်း တိုက်ခိုက်မှု အိုင်အက်စ် လက်ချက်ဟု အမေရိကန်ပြော

ဖေဖော်ဝါရီ ၁၄ ရက် အီရတ်နိုင်ငံ အိန်း အယ်အာဆတ် လေတပ် အခြေစိုက်စခန်းတိုက်ခိုက်မှုကို အစ္စလာမ္မ်စ်နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အမေရိကန် ပြည်ထောင်စု ပင်တဂွန် ပြောခွင့်ရ စစ်ဦးစီးမှူး ဂျွန်ကာဘီက ပြောပါတယ်။ တိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့ဝင် ၂၅ ဦးက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အသေခံ ဗုံးခွဲသမားအတော်များတယ်လို့ သူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာရေးပါတယ်။ ဗုံးတပ်ဆင်ထားတဲ့ အင်္ကျီတွေဝတ်ဆင်ပြီး ကိုယ်တိုင်ဖောက်ခွဲခဲ့တဲ့ သက်သေတွေ ရှိသလို တိုက်ခိုက်သူတွေက အီရတ် စစ်ဝတ်စုံတွေကို ၀တ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်ရေးသမားတွေကို စခန်းစောင့် အီရတ် လုံခြုံရေး တပ်တွေက ချေမှုန်းလိုက်နိုင်တယ်လို့ ကာဘီက ဆက်ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ စခန်းဟာ အမေရိကန်တပ်တွေ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်တဲ့နေရာ ဖြစ်သလို အပြန်အလှန် တိုက်ခိုက်မှုအတွင်း အမေရိကန် စစ်တပ်က ပါဝင်ပတ်သက်မှုမရှိဘဲ အီရတ် စစ်တပ်က ထိခိုက်ကျဆုံး ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။ [gallery ids="81542,81543,81544,81545,81546"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up