မန်ယူအသင်း ကစားပုံညံ့ဟု ပေါလ်စခိုးလ် ဝေဖန်
ဗန်ဂါလ်းကိုင်တွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းရဲ့ ကစားပုံ ဟာ ညံ့ဖျင်းပြီး တိုက်စစ်ဆင်လိုတဲ့ စိတ်ဓာတ်မရှိဘူးလို့ မန်ယူ ကွင်းလယ် ကစားသမားဟောင်း ပေါလ်စခိုးလ်က ဝေဖန်လိုက်ပါတယ်။
လက်ရှိမန်ယူအသင်း ကစားပုံဟာ ဘောလုံးကို ရှေ့ရောက်စေဖို့ လုံလောက်တဲ့ စွန့်စားမှုတွေ မရှိဘူးလို့ The Independentမှာ ရေးတဲ့ ဆောင်းပါးကနေ တဆင့် ဝေဖန်ရေးသားလိုက်ပါတယ်။
ရွန်နီကို တိုက်စစ်မှာ ထားမကစားဘဲ အလယ်တန်းမှာ ကစားစေတာကို နားမလည်တဲ့အကြောင်းနဲ့ ရွန်နီဟာ ဗန်ပါစီနဲ့ ဖယ်လ်ကာအိုတို့ထက် ရှေ့တန်းမှာ ပိုပြီး ကစားဖို့ သင့်တယ်လို့ မထင်ဘူးဆိုရင်တော့ ဒါဟာ ပြဿ နာပဲလို့ ဝေဖန်သွားပါတယ်။
[gallery ids="81538,81536,81535,81537"]